My first post in Burmeseကဗျာ၊ စာပေ၊ လင်္ကာ တွေဟာ ခံစားတတ်သူအဖို့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာ တခုပဲါ။ ကျမကတော့ ခံစားချက် ကင်းမဲ့သူတယောက် ဖြစ်လို့လားမသိ၊ တချို့စာပေတွေကို၊ မနဲနားလည်ယူရပါတယ်။ ဗမာစာနဲ ဝေးနေသူအဖို့ စာတကြောင်းရေးဖို့ရာ အတော့ကို စဉ်းစားယူရပါတယ်။ ရေးပုံရေးနည်း ပြောပုံဆိုပုံ တွေးတောဝေဖန် ဖော်ပြပုံကအစ အလွန်ကွာရှားလှပါတယ်။ ဥပမာ ကိုယ်ကိုကိုယ် နာမ်စား မည်သို့မည်ပုံရေးရမယ် ဆိုတာကို အတော် စဉ်းစားယူလိုက်ရပါတယ်။ ကျမ လို့သုံးရင်ကောင်းမလား၊ မေ လို့ပြောရင် ကောင်းမလား၊ နာမ်စားမပါအောင် လှည့်သုံးရင်ကောင်းမလား၊ မလား၊ မလား နဲ့စဉ်းစားနေ သမျှ စာတကြောင်းဖြောင့်အောင် ရေးလို့ရမည့်ကိန်း မမြင်တော့လို့ ဖြစ်ချင်ရာဖြစ် မောင်ဘချစ် အနေနဲ့ ရေးချင်ရာရေး တွေးချင်ရာတွေး လိုက်မှပဲ ဒီစာလေး နှစ်ကြောင်းသုံးကြောင်း ထွက်လာရခြင်းဖြစ်ပါတယ်။ ရှင်တို့ကတော့ထင်မှပဲ ဒီမိန်းကလေး ဘာတွေလျှောက်ပြော နေမှန်းမသိလို့။ ဟော သွားပြန်ပြီ။ ရှင် ဆိုတာကြီး၊ “You” ကို ဘယ်လိုပြောရမလဲ၊ ရှင်တို့် ဆိုတာ ယောကျာင်္း ကိုသုံးတာ မဟုတ်လား၊ မိန်းမ ဆိုရင် ရှင်မတို့ လို့ပြောရမှာလား၊ မဟုတ်သေးပါဘူးနော်…ထားပါတော့လေ…

ခုတလော တော်တော်များများ မြန်မာ ဘလော့ဂ် တွေထွက်လာတာ တွေ့မိတယ်။ များသောအားဖြင့် Personal Diary သဘောမျိုးလေးတွေဖြစ်ပြီး တချို့က အဖွဲ့ လိုက် ဘလော့ဂ်တွေဖြစ်ပါတယ်။ ရေးပုံရေးနည်း စီစဉ်တင်ဆက်ပုံ နည်းအဖုံဖုံကို ကျမ ဂရုတစိုက် လိုက်ကြည့်မိပါတယ်။ တော်တော်လေး အားကျစရာကောင်းအောင် ရေးနိုင်ကြတာတွေ့လို့ တနေ့တနေ့ ကျမ subscribe ထားတဲ့ feeds လေးတွေကို လိုက်ဖတ်ရတာဟာ ကျမအတွက် နေ့ဓဒူဝ အလုပ်ကလေးကိုဖြစ်နေပါရောလားရှင်။ သူများ စာတွေ၊ ကဗျာတွေ ရေးတော့၊ ကျမလဲရေးခြင်တာပေါ့ရှင်။ ခက်တာက ကျမစာကောင်းကောင်း မရေးတတ်ခြင်းပဲ။ ကျမ မြန်မာစာကို ၇ တန်း အထိပဲ သင်ခဲ့ရပြီး မြန်မာစာပေနဲ့ ဝေးကွာခဲ့ရတာ ၈နှစ် ကျော်ခဲ့ပါပြီ။ ကျမ ကျောင်းတုန်းက မြန်မာစာကို အဖြစ်သဘောပဲ သင်ယူခဲ့ပါတယ်။ ဗဟုသုတအနေနဲ့ကလဲ ၇တန်းအရွယ် ဟိုနဲနဲ ဒီနဲနဲ ဖတ်ခဲ့တာကလွဲလို့ ဥဿုံ နတ္တိ လုံးဝမသိပါ။ စာသံ ပေသံနဲ့ ကဗျာစပ်တတ်ဖို့ ဝေးစွ၊ အနုအရွ အဖွဲ့အနွဲ့လေးတွေနဲ့ ရည်းစားစာလေးတွေတောင် မရေးဖြစ်ခဲ့ရတဲ့ ကျမအဖို့ ဗမာလို ဘလော့ဂ်မယ်၊ ဗမာစာ တွေရေးမယ်ဆိုတာ အပြောလွယ်ပေမယ့် တကယ်တန်းလုပ်ဖြစ်ဖိုက အလွန်ခက်ခဲသော အရာဖြစ်ပါတယ်။

ကျမဟိုအပတ်တုန်းက်ဘလော့ဂ်အသစ်လးတွေကို လျှောက်ကြည့်ရင်းနဲ့ တခုသော ဘလော့ဂ်မှာရေးထားတဲ့ Statement လေးကြောင့် စိတ်အတော် လေသွားခဲ့ရပါတယ်။ (I mean, I’m lost for word or don’t know how to express on the subject matter. How to say that in Burmese?) ဘယ်ဘလော့ဂ်လဲ ဘယ်သူရေးတာလဲဆိုတာတော့ ကျမမေ့သွားတယ်၊ သူရေးထားတာက သူဟာ မြန်မာ ဘလော့ဂ်တွေကို အလွန် နှစ်သက်ပါတယ်တဲ့၊ သူဘလော့ဂ်ဖြစ်အောင် အားပေးကူညီကြတဲ့ Senior Bloggers တွေကိုလဲလေးစားပါတယ်တဲ့၊ တချို့များကျတော့ အတော်လွန်ပြီး ဗမာလိုတောင် ဘလော့ဂ်မလုပ်ကြတော့ပါဘူးတဲ့၊ ကျွန်တော့မှာ သူတို့ ပို့စ်တခုကို ရှိတဲ့အဗိဒန်နှစ်အုပ်တွဲကြီးနဲ တော်တော်အချိန်ယူဖတ်ရပါတယ်တဲ့။ သူအကောင်းပြောတာလား ရွဲ့ပြောတာလားတော့် ကျမ မသိပါ၊ သူရေးထားတာလေးကို ကျမ မေမေ့ကို ပြန်ပြောတော့ သူကလဲ ဒါပေါ့တဲ့ ငါဆိုလဲ ဗမာလိုရေးတဲ့ ဆိုဒ်ပဲသွားဖတ်မယ်၊ နင် အင်္ဂလိပ်လိုရေးတာတွေ ဖီလင်မလာပါဘူး တဲ့ရှင်။ ကျမလဲဘာပြောရမှန်း မသိဖြစ်သွားတယ်ရှင်။ နောက်မှ ပြန်စဉ်းစားကြည့်တော့၊ အင်းဟုတ်မှာပ၊ဲ ဗမာစာကို လေးလေးပင်ပင်မသိတဲ့ ကျမတောင် ဗမာလိုရေးတာလေးတွေကို ခုန်ခုန်မင်မင်လိုက်ဖတ်နေရင်၊ တသက်လုံး ဗမာစာနဲ့ ကြီးပြင်းလာတဲ့သူတို့အဖို့၊ တခြားစာတွေဘယ်လောက်ကောင်းကောင်း ကိုယ့်မိရိုးဖာသာ ဗမာစာကိုပဲ လေးလေးပင်ပင် ခံစားနိုင်ကြမှာပေါ့လေ။ အဲတာကြောင့် တခါက အကိုငြိမ်းချမ်း ရဲ့ ဗမာဘလော့ဂ်လေးတွေဖတ်ရတာ ကိုယ့်ဆွေမျိုးအိမ်မှာ ထမင်းတက်စားးရသလိုပဲ ဆိုတဲ့အပြောလေးကို အခုစဉ်းစားကြည့်မှပဲ သေသေချာချာနားလည်တော့တယ်ရှင်။

ဒါနဲ့ပဲ ဆရာကြီးများ အကူအညီနဲ ကျမ မေဗလပ်(စ်) ဇော်ဂျီဖွန့်လေးကို လက်တဲ့စမ်းကြည့် လိုက်ပါတယ် ရှင်။

Thanks KoDathana (I don’t know his name), Ko Nyein Chan and all other Burmese Bloggers for their help and encouragement on Burmese Blogging. I’m still practicing. This post took me 3days (3hr/day, 1para/day) of my time. I want to write more but so tired and stopped it just like that. You bet, I’ll try again later.

Updated: Thanks so much for corrections, but I think I’ll leave it as it is for my very first post. I’ll come back later and will laugh at it. Thanks bros.

From Ko Nyi Lynn Seck
Hello Sis
May I fix some spelling for you!

Dictionary- အဘိဓါန်
Daily Activities – နေ့တဓူဝ
Want to write – ရေးချင်တာပေါ့ရှင

ခုံခုံမင်မင်
Traditionally – မိရိုးဖလာ

ဆရာလုပ်တယ်လို့ မထင်ပါနဲ့နော့်။ ဆရာကြီးလည်း မခေါ်ပါနဲ့။
ညီမ ဘလော့ခ်မှာ Slang လေးတွေ တွေ့လိုက်ရတော့ တော်တော် သဘောကျ မိသွားတယ်။
ဖြစ်ချင်တာဖြစ် မောင်ဘချစ်
စိတ်အတော်လေတယ်
အားပေးလျက်ပါ။

From Ko Dathana:
here are some spelling mistakes i saw…
စာတကြောင်း, တနေ့တနေ့ = စာတစ်ကြောင်း , တစ်နေ့တစ်နေ့ (spelling for “one” is တစ် )
ကွာရှားလှပါတယ် = ကွာခြားလှပါတယ်
နေ့ဓဒူဝ = နေ့တဓူဝ
ရေးခြင်တာ=ရေးချင်တာ
ကိုယ့်မိရိုးဖာသာ ဗမာစာ =ကိုယ့်မိရိုးဖလာ ဗမာစာ
and… u should say မြန်မာစာ instead of ဗမာစာ

No related posts.