Me, Myself and Mayvelous
25 Jun
အိမ်မက်ပေါ်မှ ကျမရဲ့ ကဗျာများ (သို့) အဆုံးအစ မရှိ အူကြောင်ကြောင်နဲ ကဗျာလို့ အမည်တပ်ခံလိုက်ရတဲ့ အပိုင်းအစလေးများပါ။
အရမ်းကွာခြားတဲ့ ခံစားချက် နှစ်မျိုးကို သရုပ်ဖော်ထားခြင်း ဖြစ်ပါသည်။ မည်သူ့ကိုမျှ မရည်ရွယ်ပါ။
စွဲလမ်းခြင်းဆိုတာ…
ဟစ်အော်လို့ လှစ်ဖေါ်ကြတာ ရှိသလို
နင့်နေအောင် ရင်ထဲအပြည့်
တိတ်တဆိတ် မျိုသိပ်ပြီး
ဆိတ်ဆိတ်ကလေး လွမ်းနေကြတာလဲ
အများသားပေါ့။လူဆိုတာ အခက်သား
မပြောဘဲ ဘယ်သိမလဲတဲ့၊
ခံစားမှု တစုံတရာကို
တရားသဘင်မှာ စကားပလ္လင်ခံပြီး
ပြောရမှာလား ရှင်ရယ်…တိတ်တဆိတ် မင်းအပြုံးတွေ
ကြိတ်ကြည့်တတ်သူ တယောက်ကို
မင်းတနေ့ ဖမ်းမိခဲ့ရင်တော့
ရင်ထဲက မပြောဖြစ်တဲ့ စကားတွေကို
မင်းတချက်လောက်တော့ ရိပ်မိမှာပါ
တပွေ့တပိုက် မေတ္တာတွေနဲ့
တိတ်တိတ်ကလေး ပြုံးနေသူကို
မင်းတနေ့တော့ ဂရုစိုက်မိမှာပါ ကွာ…မေဗလပ်(စ်)
mayvelous
20 June 06 – 11:48pm
လျှပ်တပြက်၊ ဝက်ဝက်ချွေဆင်း
ငါ့ ရင်တွင်းရက်ရက် စက်စက်၊ သက်သက် ချိုးသွား
ငါ့ မာနများသတင်းစကား၊ အမှောက်အမှားလား
သောက်စားပြီး၊ ဖောက်ပြားသလား
ငါ ပေါက်ကွဲသွားဒါ ယောင်္ကျား လား
ဒါ ယောင်္ကျား လား
ငါ ငိုနေမယ် မင်းထင်သလား
ဟားသွား
သွား
နွား
ထွီ ။ ။မေဗလပ်(စ်)
Mayvelous
25 June 06 – 1:35pm
No related posts.
12 Responses for "Min Thi Lar + Nwar"
so nice sis,
btw, its from cherrythitsar.com?
regards,
mark
Ah…is it? You seen any similar poems over there? I don’t know.
But these are mine, I wrote is last week. Don’t know about Cherrythitsar one bro, forward me the links if you see similar ones.
Cheers.
oh, i meant , u also post that on cherrythitsar?
i haven’t see any similar, sis.
i just thought that, because poem background color is similar to that on the cherrythitsar.com.
cya
mark
Oh really, no bro I haven’t visited that site for a long time now and don’t know what updates they have. Before I downloaded some books from there.
These 2, I placed on ainmat.com first cos’ I wasn’t sure about mm font on my site yet.
Now that it’s working I’m posting them bck here and some ppl don’t have zawgyi font so I took screenshot from ainmat and put them as image files here.
Oh, I see , sis.
Thanks for your reply.
မင်းသိလားနွား ဆိုပြီး နောက်တစ်ပုဒ် ထပ်ရေးဖို့ မမေ့နဲ့ဦးနော့
aww… thi par bu minthila.com kyaw nyar mhat lo.. j/k… nice work
minthila.com?? nice site but
something funny for me. haha j/k
You should not name like cow on title because
you need so much from some one,thatwhy you have anger. Anger should not spill to public.If you have any question don’t hesitake to write me on mail.thanks
which you nice and peaceful in you life and understand to people.
Best Regard
ZZC
You should not name like cow on title because
you need so much from some one,thatwhy you have anger. Anger should not spill to public.If you have any question don’t hesitake to write me on mail.thanks
which you nice and peaceful in you life and understand to people.
Best Regard
zzc(chin.zaw@gmail.com)
ZZC
good luck for all……….
ကျွန်တော်ပြောချင်နေတာတော့ကြာပါပြီ….
အခြေအနေတွေအရမ်းမဆိုးသေးလို့မပြောဖြစ်ခဲ့ပါဘူး…အခုတော့ ပြောမှရတော့မယ့်
အခြေအနေမို့ ပြောရပါတော့မယ်။ ကျွန်တော်တို့မလေးရှားမှာ
မိန်းကလေးတော်တော်များများဒုက္ခရောက်နေကြပါတယ်။ မိန်းကလေး
များတင်တော့မဟုတ်ပါဘူး။ ယောက်ျားလေးတွေလည်း ဒုက္ခရောက်နေသူတွေ
တစ်ပုံတစ်ပင်ရှိပါတယ်။ ဒါပေမယ့် ယောက်ျားလေး
တွေက ဒေါင်ကျကျပြားပြားကျကျနေနိုင်တဲ့အတွက်
မိန်းကလေးတွေကိုသာဦးစားပေးရေးရခြင်းဖြစ်ပါတယ်။ အခုမလေးရှားနိုင်ငံ
ရဲ့ စီးပွားရေးဟာ အောက်ကိုထိုးစိုက်ကျနေပြီဖြစ်ပါသည်။
ကုန်ဈေးနှုန်းတွေတက်ကာ လုပ်ငန်းများ မလည်ပတ်နိုင်တော့သည့်အတွက်
ပိတ်လိုက်ရတဲ့စက်ရုံတစ်ရာကျော်သွားပါပြီ။ စက်ရုံတွေပိတ်လိုက်ရသဖြင့်
ပြန်ရတဲ့ ညီအကိုမောင်နှမတွေတော်တော်များနေပါသည်။
မြန်မာနိုင်ငံက ညီအကိုမောင်နှမတွေကို ဒီကကြောင်းတွေကို သိစေချင်ပါသည်။
ဒါမှနောက်ထပ်လာမည့် အမျိုးကောင်းသမီးလေးများကို
တားဆီးနိုင်မှာဖြစ်ပါသည်။ ဒီမှာရောက်နေကြတဲ့ မိန်းကလေးအတော်များများဟာ
အလုပ်ကိစ္စရော လစာပါလုံးဝ( လုံးဝ ) အဆင်
မပြေကြပါဘူး။ မြန်မာနိုင်ငံက စီးပွားရေးအခြေအနေကြောင့် ဒီကို
အားကိုးတကြီးလာခဲ့ကြပေမယ့် ဖွတ်ထွက်မှ တောင်ပို့မှန်းသိဆို
သလို ဒီရောက်လာမှ ဒုက္ခအကြီးအကျယ်ရောက်ကြရတော့တာပါပဲ။
မြန်မာပြည်ကအေးဂျင့်တွေက လစာဘယ်လောက်ရမယ်၊
overtime ဘယ်နှနာရီရှိတယ်ဆိုပြီး ပြောသမျှကို အဟုတ်ထင်ပြီး
အထင်ကြီးလာခဲ့သမျှဟာ ဒီရောက်မှ အေးဂျင့်တွေရဲ့ အပြော
ဟာ လိမ်ညာမှု့တွေပဲလို့သိရပေမယ့် ဘာမှ မတတ်နိုင်တော့ပါဘူး။
ဒီဘက်ကအေးဂျင့်တွေ ပြုသမျှမှာနုရတော့တာပါပဲ….
မြန်မာပြည်ကအေးဂျင့်တွေက ပိုက်ဆံရရင်ပြီးရောဆိုပြီး လွှတ်တယ်၊
ဒီကအေးဂျင့်တွေကလည်း ပိုက်ဆံရမှာမို့ ခေါ်ပါတယ်
သူတို့တွေရဲ့ လောဘကြားမှာ သားကောင်ဖြစ်သွားရတာ
ကျွန်တော်တို့မြန်မာမိန်းကလေးတွေပါ။ မြန်မာပြည်ကနေအလုပ်ကောင်း
တယ်ဆိုပြီးလာပေမယ့် မလေးရှားကိုရောက်လို့ တစ်လလောက်ကြာပေမယ့်
ဘာအလုပ်မှမရသေးတဲ့ အမျိုးသမီးတွေအများကြီးပါ။
Free Calling တွေနဲ့လာကြပေမယ့် ပတ်စပို့ကို
အေးဂျင့်တွေကပဲသိမ်းထားကြပါတယ်။ အလုပ်ကိုလည်းရရင်ပြီးရော ဆိုတဲ့ သဘော
ထားနဲ့ ရရာအလုပ်မှာဝင်လုပ်စေပါတယ်။ ပြီးတော့ရတဲ့လခထဲကနေပြီးတော့
ဖြတ်တောက်ယူငင်သေးပါတယ်။ ကိုယ့်ရဲ့ အခက်
အခဲကိုပြန်လည်ပြောဆိုဖို့ကလည်း ဘာသာစကားအခက်အခဲ၊
မိန်ကလေးဖြစ်၍အားငယ်တတ်ခြင်းစတာတွေကြောင့် လုပ်သမျှ
မတရားပေမယ့် ငြိမ်ကြည့်နေရပါတယ်။
မြန်မာပြည်ကလာတဲ့အကြွေးမကြေမှာစိုးရိမ်တာကတစ်မျိုး၊
ဒီမှာအလုပ်မကောင်းလို့စိတ်
ပျက်အားငယ်တာကတစ်မျိုးနဲ့ သူတို့တွေရဲ့ ထွက်ပေါက်ကဘာဖြစ်မယ်လို့ထင်ပါသလဲ။
စဉ်းစားကြည့်ပါ။ ပထမစက်ရုံမှာ အလုပ်
ကောင်းကြသူတွေရှိပေမယ့် စက်ရုံပိတ်သွားကြတော့ နောက်ဆုံးအေးဂျင့်ဆီမှာပဲ
ပြန်ပြီးသောင်တင်တာပါပဲ။ အေးဂျင့်တွေကလည်း
အလုပ်အလွယ်တကူရရှိတဲ့ စားသောက်ဆိုင်၊ သန့်ရှင်းရေးအလုပ်တွေမှာ
ထည့်ပေးကြပါတယ်။ နောက်ပြီးဒီအလုပ်တွေက အာမခံ
ချက်လည်းလုံးဝမရှိဘူး။ဘယ်နေရာမှာလို့လည်း သေသေချာချာရေရေရာရာမရှိဘူး။
ဒီနေရာပြီးနောက်တစ်နေရာ၊ နောက်တစ်နေရာ
ပြီး နောက်ထပ်တစ်နေရာ သူတို့စိတ်ကြိုက်သာလျှောက်ပြောင်းတော့တာ။
လစာကလည်းသူတို့ပေးသမျှပဲ ယူကြရပြီး အလုပ်က
လည်းပင်ပန်းတော့ over stay ရှောင်သွားတဲ့သူတွေလည်း အများအပြားပေါ့။ Over
stayရှောင်သွားတဲ့ မိန်းကလေးတွေရဲ့ အကြီး
မားဆုံးအန္တရာယ်က မလေးရှားကရဲတွေရဲ့ အန္တရာယ်ပဲ။ စနေ တနင်္ဂနွေနေ့တိုင်း
ကွာလာလန်ပူမှာ အဖွဲ့အစည်းတွေနဲ့ ရဲနဲ့ပူးပေါင်း
ပြီး over stay တွေကို ဖမ်းပါတယ်။ ဖမ်းမိသမျှတွေကို ထိုင်းသင်္ဘောတွေဆီကို
ရောင်းစားပါတယ်။ ထိုင်းနိုင်ငံကိုပို့ပြီး အခိုင်းအစေ
အလုပ်တွေကို လုပ်စေပါတယ်။ ဖမ်းမိပြီးနောက်မှာ
လုံးဝအစအနပျောက်သွားတဲ့သူတွေ အများအပြားပါ။ မလေးရှားအစိုးရက
ဖမ်းမိရင်ပြန်ပို့တယ်လို့ ပြောပေမယ့် တကယ်တော့မဟုတ်ခဲ့ပါဘူး။
နောက်ပြီးအခုနောက်ပိုင်းမှာ စီမံချက်တွေနဲ့ နေရာတိုင်းမှာ
over stay သမားများကို လိုက်လံဖမ်းဆီးနေပါတယ်။ ဒါကြောင့် over stay
လုပ်ဖို့ဆိုတာ မိန်းကလေးတွေအတွက် မိုက်မဲတဲ့ရွေး
ချယ်မှု့ပဲဖြစ်ပါတယ်။ နောက်အန္တရာယ်တစ်ခုက
မလေးရှားနိုင်ငံထဲမှာနေထိုင်ကြတဲ့ ကုလားတွေရဲ့ အန္တရာယ်ပါပဲ။
မလေးရှားနိုင်ငံ
ဟာ စာရိတ္တနဲ့ပါတ်သက်ပြီး လုံးဝ ချို့ ယွင်းတဲ့နိုင်ငံဖြစ်ပါတယ်။
ကိုယ်ကြိုက်ရင်ကြိုက်သလောက်မိန်းမယူခွင့်ရှိပါတယ်။ ယောကျာ်း
တွေကလည်းဖောက်ပြန် မိန်းမတွေကလည်းဖောက်ပြန် မွေးလာတဲ့သားသမီးတွေကလည်း
မိဘကိုမိဘမှန်းမသိနဲ့…..
တစ်လင်တစ်မယားစနစ်ကိုကျင့်သုံးတဲ့ မြန်မာနိုင်ငံနဲ့ စာရိတ္တပိုင်းမှာ
ဘယ်လိုမှ ယှဉ်လို့ရမှာမဟုတ်ပါဘူး။ မလေးရှားမှာနေထိုင်တဲ့
ကုလားတွေက ဂိုဏ်းတွေဖွဲ့စည်းထားပြီး စိတ်မထင်ရင် မထင်သလို
ရန်ရှာလူသတ်တတ်ပါတယ်။ မလေးရှားရဲအဖွဲ့ကလည်း မသိ
ချင်ယောင်ဆောင်နေရတာပါ။ ဒါကြောင့်ကုလားတွေဟာ
လုပ်ချင်တိုင်းလုပ်နေတော့တာပါပဲ။ ပစ္စည်းလုတယ် ရန်ရှာတယ် ပိုက်ဆံ
တောင်းတယ်။ မိန်းကလေးများဆိုရင် ပိုပြီးအန္တရာယ်များပါတယ်။ ချောင်ကျတဲ့
အရပ်တွေမှာဆိုရင် အိမ်ထဲအထိအောင်ဝင်ပါတယ်။
နောက်ထပ်အကြီးမားဆုံးအန္တရာယ်ကတော့ မြန်မာယောက်ျားလေးတွေရဲ့ အန္တရာယ်ပါပဲ။
ရေနစ်သူတွေကို ၀ါးကူထိုးသူများဖြစ်ပါ
တယ်။မြန်မာမိန်းကလေးများ အသစ်ရောက်တယ်ဆိုရင်ကူညီချင်သူတွေက အများကြီးပါ။
ဘာမှအားငယ်စရာမရှိလောက်အောင်ကို
talking တွေနဲ့ကူညီကြတာပါ။ ဖုန်းနံပါတ်ကိုသာပေးမိရင်တော့ ဒီမိန်းကလေး
သွားပြီပဲ။ ညသန်းခေါင် အထိအိပ်လို့မရဘူးဖြစ်သွားမယ်
ဖုန်းကအချိန်ပြည့် တစ်တီတီမြည်ပြီးတော့ကိုခေါ်နေတော့တာ။ ခေါ်တဲ့သူက
အရက်မူးနေရင်ပိုပြီးဆိုးပြီသာမှတ်တော့။ ဒီမှာရောက်
နေတဲ့မိန်းကလေးတွေက
စဉ်းစားရင်စဉ်းစားမိလိမ့်မယ်။မလေးရှားလာမိတာအရမ်းစန်းပွင့်တာပဲလို့။
ဒါဟာစန်းပွင့်တာမဟုတ်ပါဘူး
ဘ၀တစ်ခုလုံးပွင့်လန်ထွက်သွားဖို့ အတွက်အစလမ်းပါ။မလေးရှားမှာရောက်နေကြတဲ့
ယောက်ျားလေးတွေမှာ လူပျိုလူလွတ်တွေပါ
သလို မြန်မာပြည်မှာမိန်းမနဲ့ ကလေးတွေကျန်ခဲ့သူလည်းအများအပြားပေါ့။
မိန်းမတွေအကြောင်းကိုနောကျေတာ အိမ်ထောင်ရှိတဲ့
ယောက်ျားများပဲဖြစ်ပါတယ်။ နောက်ပြီး မိန်းမတွေနဲ့ ခွဲနေရတာ
နှစ်ချီနေပြီဆိုတော့ စဉ်းစားသာကြည့်ကြပါတော့ဗျာ။ နောက်ပြီး
စည်းလွတ်ဘောင်လွတ်ပျော်လို့ရတဲ့နေရာဆိုတော့ စိတ်သွားရင်ကိုယ်ပါတယ်။
အရက်သေစာ လောင်းကစား မိန်းမ ဆေးဝါး လိုချင်
တာအားလုံးရနိုင်တဲ့နေရာဆိုတော့ စိတ်မနိုင်တဲ့သူတွေဆိုရင် အရက်ပုလင်း
ဘီယာပုလင်းတွေထဲကနေ မတက်နိုင်ကြတော့ဘူး။
မိန်းမလိုက်စားသူတော်တော်များများကလည်း လူအိုတွေပဲများပါတယ်။
ရောက်လာကြတဲ့ မိန်းကလေးတွေက ကိုယ့်ကိုကိုယ်စန်း
ပွင့်လှပြီဆိုပြီး ဘ၀င်မြင့်နေကြလိမ့်မယ်။ ဖုန်းပေးမယ်
အ၀တ်အစားလည်းဝယ်ပေးမယ် အိမ်ကိုလည်းငွေလွှဲပေးမယ်ဆိုရင် နောက်
ကြောင်းကိုမသိပဲနဲ့ ဘ၀ကိုပုံအပ်လိုက်ကြတာပဲ။ မြန်မာပြည်မှာရှိနေတဲ့
မိန်းမဆီမှစာလာမှ အရှက်တကွဲအကျိုးတနည်းနဲ့ နောက်
ပြန်ဆုတ်လို့လည်းမရတော့ဘူး။ ရပြီးသားလူတွေကလည်းလက်လွှတ်မပေးတော့ဘူး။
အစားထိုးတွေလေ သိတယ်မဟုတ်လား။
ကျွန်တော့်မျက်စိရှေ့ မှာပဲ ကလေးနှစ်ယောက်အဖေတွေ ကလေးသုံးယောက်အဖေတွေနဲ့
ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ကောင်မလေး
တွေကိုတွေ့နေရတော့ သူတို့တော့ဘယ်လိုခံစားရမလဲတော့မသိဘူး ကျွန်တော်ကတော့
သူတို့တွေအစား သူတို့မိဘမောင်ဖွားတွေ
အစားရင်နာတယ်။ ဒီမှာရောက်နေကြတဲ့ မိန်းကလေးတော်တော်များများဟာ
အရက်သမားတွေနဲ့ဖြစ်ကြတယ်။ ခြောက်ဆယ်ရာခိုင်
နှုန်းက လူအိုတွေနဲ့ဖြစ်ကြှတယ်နှစ်ဆယ်ရာခိုင်နှုန်းက လူပျိုတွေနဲ့ဖြစ်ပြီး
ကျန်တဲ့နှစ်ဆယ်ရာခိုင်နှုန်းက လူမျိုးခြားအပေအတေ တွေနဲ့
ဖြစ်ကြတယ်။ အခုဆိုရင်သွားလေရာနေရာတိုင်းမှာ မြန်မာအတွဲတွေ ပလုံစီနေပြီ။
ဗီဒီယိုတွေ ဗီစီဒီတွေလည်း ထွက်လာကြပြီ။
ဗီစီဒီတွေ ဆိုတာ မြန်မာနော်မြန်မာဆိုပြီးတော့ကို အော်ရောင်းနေတာ။
ကောင်းတာတွေတော့မဟုတ်ဘူး။ စက်ရုံမှာ လူမျိုးခြားတွေက
မြန်မာမတွေဘယ်လောက်နဲ့ ခေါ်လို့ရတယ်ဆိုရင် လက်သီးနဲ့အချက်ပေါင်းမြားစွာ
ထိုးပစ်ချင်လောက်အောင် အသည်းနာတယ်။
ဒီကိုရောက်လာပြီး ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်တဲ့သူတွေ ရှားပါတယ်…
ထိန်းသိမ်းနိုင်တဲ့သူမရှိဘူးမဟုတ်ပါဘူး။ ရှိပါတယ်။
ဒါပေမယ့် အယောက်တစ်ရာမှာ တစ်ယောက်ပါ။ အဲသည် တစ်ယောက်ဟာလည်း
အရမ်းဝနေ၍သော်လည်းကောင်း၊ ရုပ်ဆိုးနေ၍
သော်လည်းကောင်း ယောက်ျားလေးစိတ်ဓါတ်ပေါက်နေ၍သော်လည်းကောင်း အဲသည်အထဲက
တစ်ခုခုဖြစ်နိုင်ပါတယ်။
ကျွန်တော်တို့ဟာ မြန်မာလူမျိုးတွေပါ… အိနြေ္ဒသိက္ခာနဲ့ စာရိတ္တကို
အလေးထားတဲ့လူမျိုးပါ..။ အသက်ထက်အရှက်ကို ဦးစားပေး
တယ်ဆိုတာ မြန်မာလူမျိုးတွေအတွက်ပါ။ တိုင်းတစ်ပါးမှာရောက်နေကြတဲ့
ကျွန်တော်တို့ ခင်ဗျားတို့ နှမတွေကို စောင့်ရှောင့်မယ့်သူ
တွေထက် ချောက်ချဖို့ချောင်းနေတဲ့သူတွေအမြားအပြားပါ။ ဒါကြောင့်
နောက်ထပ်လာမဲ့ မြန်မာအမျိုးသမီးများရှိရင် သေချာစုံစမ်း
လေ့လာပြီးမှ လာပါလို့ပြောချင်ပါတယ်။ သူငယ်ချင်းမိတ်ဆွေတွေထဲမှာ
လာမဲ့သူရှိကြရင်လည်း တားဆီးပေးကြပါ။
အခုကျွန်တော်ပြောခဲ့တဲ့ အကြောင်းအရာအားလုံးဟာ အားလုံးအမှန်တွေချည်းပါ။
ကျွန်တော်ပြောတာတွေဟုတ်မဟုတ်ကို မလေး
ရှားမှာရောက်နေတဲ့ ( အချောင်နှိုက်စားနေတဲ့သူတွေကလွဲရင် )
ဘယ်သူ့ကိုမဆိုမေးမြန်းနိုင်ပါတယ်။ ညီအကို မောင်နှမစိတ်ဓါတ်
ဖြင့် သတိပေးရေးရခြင်းဖြစ်ပါတယ်။…..