ကျမ အမေက သူသွင်ပေးနေကြ အာလူးကို ဒီနေ့မှ ကျမအား အမြင်ကပ် ဆန္ဒပြပြီး ကိုယ်ဟာကိုယ် သွင်ခိုင်းလိုက် သဇြင့်၊ ဗိုက်ကဆာဆာ၊ စိတ်ကတိုတိုဖြင့် အာလူးသွင်ရင်း ထွက်ပေါ် လာသော အတွေးအပိုင်းအစလေးများကို ချရေးလိုက်ခြင်း ဖြစ်ပါသည်။

အေးစက် မာကြောပြီး၊ အရောင်ကင်းမဲ့လှတဲ့၊ ကျမရဲ့ လက်ချောင်းများဟာ…

  • ကီးဘုတ်တစ်ခုပေါ်မှာ သွက်လက်လျင်မြန်စွာ
    ပြေးလွှား ဆော့ကစား တတ်တယ်
  • စာရွက်သားဖြူ တစ်ခုပေါ်မှာ၊ ညီညာဝိုင်းစက်တဲ့
    အက္ခရာများကို ခဲသားများနဲ့၊ ရေးခြစ်တတ်တယ်
  • စုတ်တံတစ်ချောင်းကို ကျင်လည်စွာ ဝွှေ့ရမ်းပြီး
    ရုပ်လုံးပေါ်အောင် ဆေးသားများနဲ့ ခြယ်မှူန်းအသက်သွင်းတတ်တယ်
  • သိုးမွှေးချည်ခင်ကို အပ်တစ်ချောင်းနှင့်
    ဒီဇိုင်းအမျိုးမျိုး ဖော်တတ်တယ်
  • ဆယ်ချောင်းသော လက်အဆုံကို၊ စည်းချက်ညီစွာ
    အကွက်ကျကျ ယိမ်းနွဲ့ပြီး ကကွက်တစ်ခု ဖန်တီးတတ်တယ်
  • ဘတ်တံတစ်ချောင်းကို အနိမ့်အမြင့်၊ အတိုးအချ လိုအပ်သလို အားသုံးပြီး
    ကြက်တောင်တစ်လုံး တဖတ်ကွင်းထဲ ကျအောင် ရိုက်တတ်တယ်
  • လက်စစ်များကိုကွေးပြီး ဂျစ်ကန်ကန်လုပ်တတ်သော ညီမရဲ့ခေါင်းကို
    ဒေါက်ကနဲ မြည်အောင်ခေါက်တတ်တယ်
  • အလွန်အစသန်သော မောင်ကို၊ ကျစ်ကျစ်ဆုပ်ထားတဲ့
    လက်ချောင်းများနဲ့ ထိုးနှက်ကုတ်ခြစ်တတ်တယ်
  • ကျမအမြင်ကပ်အောင် လုပ်သောသူများကို၊ ကျမရဲ့လက်များက
    တွေ့ရာတုတ်တစ်ချောင်းကို ကောက်၍သော်၎င်း
    လက်ချီးသက်သက် သော်၎င်း
    လှည့်ရိုက်ရန် ဝန်လေးလေ့ မရှိခဲ့

ဤမျှ အသုံးဝင်လှသော ကျမ၏ လက်များသည်
ဓါးတစ်ချောင်း၊ အာလူးတစ်လုံးနှင့် တွေ့မိသော အခါ…

ဓါးတစ်ချောင်း နှင့် အာလူး

ဓါးတစ်ချောင်းကိုင် ဆရာမနိုင်
ပွက်ပွက်ညံအောင်ဆိုးလှ၏။

အာလူးတစ်လုံးသွင် ရပ်ကွက်တွင်
ပြဲပြဲစင်အောင် ကြားရ၏။

အရပ်ကူပါ လူဝိုင်းပါ
အမေလာ လှည်ပါ တဆာဆာ။
အဖြစ်ကြီးက ကြီးသနော်၊
မောင်သာမိရဲ့ ကြီးတော်။

(Ok I don’t know where that come from.)

တစ်လုံးနွှာ တစ်နာရီ၊ လုပ်ပါအုံး ကုန်ပြီ
အသားထွင်သလား၊ အခွံနွှာတာလား

လက်ကတုန်ရင်၊ ဓါးစုတ်က မလှူပ်ချင်
အခွံနာက မထွက်၊ ပြတ်တာက ငါ့လက်။

ဖွတ်မရ၊ ဓါးဆုံး၊ ငါ့အာလူးတစ်လုံး
ပြုတ်လို့ ထုထောင်းပြီး၊
ငပိထောင်း လုပ်ခဲ့၏ ။ ။

French Fries လုပ်ဖို ကြိုးစားနေဆဲ ကျမဘဝလေးပါ။

Related Posts: