သူ့ စကားများ

သူကပြောတယ်…
ပန်းကလေးတွေ ကိုမြတ်နိုးလား တဲ့
လေအဝွှေ့မှာ သိမ်မွှေ့လှတဲ့၊ သူတို့ဟန်လေးတွေကို သူသင်ပေးမယ် တဲ့။

သူကပြောတယ်…
အမှတ်တမဲ့လေးတွေကို တန်ဖိုးထားမလား တဲ့
အဖိုးမဖြတ်နိုင်တဲ့ အမှတ်တမဲ့ အချိန် (အပြုအမူ) လေးတွေ လိုက်ဖမ်းကြည့်ပါ တဲ့။

သူကပြောတယ်…
တိတ်ဆိတ်ခြင်းရဲ့ သံစဉ်တွေကို ခံစားတတ်လား တဲ့
မဟူရာ ညဥ့်ဦးယံရဲ့ အလှတရားတွေကို၊ တစ်ညလောက်စောင့်ကြည့်ပေးပါ တဲ့။

သူကပြောတယ်…
ကဗျာတပုဒ် စာဖွဲ့တတ်ပြီလား တဲ့
နှလုံးသားရဲ့ ကာရံလေးတွေကို ချရေးကြည့်ပါတဲ့။

သူကပြောတယ်…
သံယောဇဉ်ကျိုး ဘယ်လောက်မြဲသလဲ တဲ့
ချည်တစ်ခင် ပေးပြီး၊ သူ့အတွက် ခိုင်ခိုင်လေး ယက်လုပ်ပေးပါ တဲ့။

သူကပြောတယ်…
ကိုယ် အဝေးသွားရင်၊ သတိရနေမလား တဲ့
သူကျေနပ်အောင်၊ ခေါင်းတစ်ချက်တော့ ညှမ့်ပြပေးပါ တဲ့။

သူကပြောတယ်…

ကျမလေ…
သွဲ့သွဲ့လေး ယိမ်းတိုက်နေကြတဲ့၊ ပန်းကလေးတွေ ကိုမြတ်နိုးလာတယ်
ဖြတ်ကနဲ အမှတ်တမဲ့လေးတွေကို၊ မှတ်မှတ်ရရလိုက်စုနေတတ်ပြီ။

ကျမလေ…
အိပ်မောကျစ ညတစ်ညရဲ့ ဆိတ်ငြိမ်ခြင်းကိုအလေးအနက်ပြုတတ်လာပြီ
ကဗျာမကျ စာမကျ သံစဉ်ထူလပွနဲ့၊ ခံစားချက်တချို့ကိုလဲ ဟိုရေးဒီရေး၊ ရေးတတ်နေပြီ။

ကျမလေ…
သံယောဇဉ် ဆိုတဲ့ အခိုင်မြဲဆုံး၊ အဖြူရောင် ကြိုးလေးတစ်ချောင်းကို လဲ၊
အောင်မြင်စွာ ယက်လုပ်ပြီးစီးသွား ပါပြီ။

ကျမလေ…
အဝေးရောက်သွားတဲ့ သူ့ကိုလဲ
တမ်းတမ်း တတ၊ သတိရတတ်ပါပြီ။

ကျမလေ…
ကျမ သတိရနေပါတယ် … သူ။

mayvelous (2nd Oct 06 – 12:37am)

No related posts.