Me, Myself and Mayvelous
5 Mar
ပျင်းပျင်းရှိသည်နှင့် သူငယ်ချင်းတစ်ယောက်ပို့ထားတဲ့ မြန်မာစာ အတိုအထွာတွေထဲက ဂျူးရဲ့ “အချစ်ဆိုတာ ကြိုးနဲ့သီဖို့ မလိုတဲ့ ပန်းပွင့်ကလေးတေ”ွ ဆိုတဲ့ ဝတ္ထုတိုလေးကို ဖတ်မိပါတယ်။ ဝါသနာအရ စဉ်းစားရင်း တွေးရင်း မေးခွန်းလေးတွေပေါ်လာ လို့ ချရေးလိုက်မိပါသည်။
၁။ ဇာတ်လမ်းအဓိကမဟုတ်သော ဝတ္ထုတစ်ပှုဒ် လို သူနှင့်ကျွန်မ ချစ်ခဲ့ကြပါသည်။
ဇာတ်လမ်းအဓိကမဟုတ်သော ဝတ္ထုဆိုတာ ဘာကိုဆိုလိုပါသလဲ၊ ဝတ္ထုတစ်ပုဒ်မှာ ဇာတ်လမ်း အဓိကမဟုတ်ရင်၊ ဘယ်အရာဟာ အဓိကပါလဲ၊ ဇာတ်ကောင် တွေလား…သူတို့ဟာလဲ ဇာတ်လမ်းမရှိပဲ ဇာတ်ကောင်ဖြစ်လာနိုင် ပါသလား။
၂။ အာရုံငါးပါးတွင် အချစ်သည် အနည်းဆုံး တစ်ပါးပါးဖြင့် စတင်တတ်သည်ဟု ပြောပါသည်။
ဤစာပိုဒ်ကိုတော့ ထောက်ခံမိပါသည်။ Theoretically အနေနဲ့ လက်ခံပါသည်၊ Practically မစမ်းသပ်ရသေးပါ။ ပုထုစဉ်တို့ သဘောအရ ထိုအာရုံတွေနှင့် မည်သူမျှမကင်းလွတ်နိုင်၊ တစ်နည်းနည်းနှင့် စပ်စက်နေကြ ပေရာ၊ ထိုစာကိုလက်ခံမိပါသည်။
၃။ ချစ်သူတစ်ယောက်ကို ဘယ်အချိန်က စချစ်သွားမှန်း မသိဘူးဆိုတဲ့လူတွေ တော်တော်ညံ့တာပဲဟု ကျွန်မထင်ပါသည်။ သည်လောက်အရေးကြီးသည့် အပြောင်းအလဲတစ်ခုကို လူတိုင်း သတိရနေသင့်သည် ထင်ပါသည်။
ဘဝအပြောင်းအလဲလေးတွေကို အမှတ်ရ သတိထားနိုင်ခြင်းသည် အရည်အခြင်းတစ်ခုဖြစ်မည်ဟု ထင်ပါသည်။ ထိုအရည်အချင်းကို ကျွန်မ အလွန် မြတ်နိုးတန်ဖိုးထားသော်လည်း လူတိုင်း ပိုင်ဆိုင်မှုမရှိတာကိုတော့ လက်ခံမိပါသည်။ အချို့သောအရာများသည် အမှတ်မထားမိပဲ ပြောင်းလဲသွားတတ်ကြပါသည်။ အလိုလိုဖြစ်ပျက် ပြောင်လဲမှုများကို စမ်းစစ်သတိထားနိုင်သော အရည်အချင်းတစ်ချက် ပိုင်ဆိုင်နိုင်ဖို့ ကျွန်မသည်လဲ ကြိုးစားဆဲပါ။
၎။ ကျွန်မက ဖိနပ်ကြိုးချည်ရာတွင် အလွန်ညံ့ပါသည်။ ကျွန်မ ဖိနပ်ကြိုးသည် တစ်ခါပြေးလျှင် အနည်းဆုံး တစ်ဖက်တစ်ခါတော့ ပြန်ပြင် ချည်ရတတ်၏။ ကြိုးပြေပြီး ကြိုးနှစ်ချောင်းလုံး ဘတ်လတ်ဘတ်လတ် ဒယဥ့်တိုက်နေသည်ကို ခဏခဏ တွေ့ရတတ်ပါသည်။
ဖိနပ်ကြိုးချည်ခြင်းသည် Rocket Science ထက်ပိုများခဲယဉ်းနေသလားဟု တွေးမိပါသည်။ ၅နှစ် ကလေးငယ်တစ်ဦးသည် ဖိနပ်ကြိုး (သို့) ဖဲပြားကြိုး ကိုစတင် ချည်နိုင်ကြပါပြီ။ ထိုမိန်းကလေးသည် -
၁) ဝေါ့လ်ကင်းရှူး (ကြိုးပါသော ဖိနပ်များ) ကို သိပ်မဝတ်ဖြစ်၍ သော်၎င်း၊
၂) ဖဲကြိုးကောင်းကောင်းမချည်တတ်၍ သော်၎င်း၊
၃) ချည်ပြီးသော ကြိုးစရှည်ကို ဖိနပ်အတွင်းသို့ ခေါက်မထည့်၍ သော်၎င်း စသည်ဖြင့်တွေးမိပါတော့သည်။
၅။ ဖိနပ်ကြိုးပြေပြီး တန်းလန်းကျခြင်း၊ ဖိနပ်ဟောင်း၍ ချောင်နေခြင်း ထိုနှစ်ခုပေါင်းလိုက်သောအခါ ကျွန်မ၏ညာခြေထောက်က လိုချင်ရာကို မရောက်ဘဲဖြစ်သွားသည်။ ထိုအချိန်မှာပဲ ကျွန်မလဲသွားပါသည်။
ဖိနပ်ချောင်သော် ထိုဖိနပ်သည်ခြေမှကျွတ်နိုင်၏။ တစ်စုံလုံးထိတော့ မကျွတ်နိုင်၊ ခြေထိုးဖိနပ်ဖြစ်၍ ဖိနှောင့်သာထွက်ထွက်လာတတ်သည်။ ကျိုးပါဒရွတ်ဆွဲနေလျှင် ခလုတ်တိုက်ယုံသာဖြစ်မည်ထင်ပါသည်။ လဲသွားသည်အထိ မဖြစ်နိုင်ပါ။ ခြေကို ဘယ်ညာယိမ်း ကစားရသော အားကစားဖြစ်လျှင်တော့ လဲကျကောင် လဲကျမည်။ သို့သော် အပြေးလေ့ကျင့်ခြင်းသည် တည့်တည့်ပြေး၍ ပုံမှန်နှုန်း ခြေကွက်ချရ၍ မည်သို့မျှမလဲနိုင်ပေ။ ထို့အပြင် ချောင်နေသော ဖိနပ်ကို မကျွတ်အောင် သတိထားနေရသောကြောင့်ခြေလှမ်းကို သတိလွတ်စလွယ် မလျှောက်နိုင်ပေ။ လျှပ်တပျက် သတိလွတ် ဒယောသောပါး လုပ်မိမှသာလျှင် – ထိုချောင်နေသော၊ ဒရွတ်တိုက်နေသော အချက်တွေကို ထည့်၍ ၇၀% နှုန်းခန့် လဲကျနိုင်ပါသည်။ ဒီထဲက မိန်းကလေးအတွက် လဲကျခြင်းငှါ မဖြစ်တန်ရာပါ။ ခလုတ်တိုက်ခြင်းမျှသာအဖြစ်နိုင်ဆုံး ဖြစ်ပါသည်။
၆။ အဲသည်ကျမှ လက်ဖနှောင့်မှာ ပွန်းပြီးသွေးချည်ဥနေတာကို မြင်ရသည်။ နီရဲနေတာပဲ။ သွေးဟုထင်လိုက်ချိန်မှာ ကျွန်မ မူးပြီး ထိုင်ကျသွားပြီ။
အဖြစ်သဲလွန်းသည်ဟု ထင်ပါသည်။ သွေးကြောက်တတ်သည်ကို လက်ခံပါသည်။ သိုသော် သွေးချေဥသွားခြင်းမျှနှင့် မူးမေ့လုမတတ်ဖြစ်ခြင်းသည် ပိုခြင်းသာဖြစ်၏။ ထိုမိန်းကလေးသည် နန်းမတော် မယ်နုနှင့်အမျိုးတော်လျှင်တော့ မပြောတတ်ပေ။
၇။ အဲဒါ သူ့အသံ။ သူ့အသံသည် ဂီတာတစ်ခု၏ အပေါ်ဆုံးကြိုးနှစ်ချောင်းတည်း တီးခတ်သည့်အသံလိုပဲ ကျွန်မ အကြားအာရုံထဲသို့ လှိုင်းခတ်၍ ဝင်ရောက်သွားပါသည်။
ဂီတာကျိုးသံ မည်သို့ထွက်သည် မသိပါ။ အပေါ်ဆုံးကြိုးနှစ်ချောင်း ဟုဆိုသဖြင့် အသံလုံးကြီးကြီး low note… ဒေါင်…ဆိုသော အသံကြီးဖြစ်လိမ့်မည် ဟုခန့်မှန်းလိုက်ပါသည်။
၈။ သူ ကျွန်မအနားမှာ ထိုင်ချလိုက်သည်။ ကျွန်မ၏ ဖိနပ်ကြိုးကို ချည်ပေးနိုင်ဖို့ လုံလောက်စွာ နီးကပ်သော အကွာအဝးဖြစ်သည်။ သူ့ရင်ဘတ်သည် ကျွန်မမျက်နှာနှင့် တစ်ပေလောက်ပဲ ဝေးကွာသည်။ ထိုရင်ဘတ်ဆီမှ ရေမွှေးနံ့ တစ်ခုနှင့် ချွေးနံ့ ပေါင်းနေသော ကိုယ်နံ့ ပြေပြေလေးတစ်ခုကို ရပါသည်။ အဲဒီအနံ့သည် တုန်လှူပ်ရှက်ရွံ့စွာ အသက်ပြင်းပြင်း ရှိုက်ရှူနေရသော ကျွန်မ၏ အဆုတ်ထဲမှ တဆင့် နှလုံးသားထဲ၊ ထိုမှတဆင့် သွေးကြောတွေထဲသို့ ပျံ့နှံ့စီးဝင်သွားခဲ့ပါသည်။ သူ ကျွန်မအသားကို မထိခဲ့ပါ။ ကျွန်မ၏ ဝေါ့လ်ကင်းရှူးနှင့် ဖိနပ်ကြိုးကိုသာ သူထိခဲ့ပါသည်။ သို့သော် သူ့လက်မှ ပူနွေးမှူသည် ဖိနပ်ကြိုးထဲမှတဆင့်၊ ခြေအိတ်မှ တဆင့် ကျွန်မကိုယ်ခန္ဓာထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်သွားခဲ့သည်။ အဲသည်အခါကျမှ ပြာဝေမှူသက်သာသွားသော မျက်လုံးများဖြင့် သူ့လက်ကို ကျွန်မကြည့်မိသည်။ ကြီးမားသော၊ ရှည်သွယ်သော လက် တွေ…။ ဖိနပ်ကြိုးကို ဖျတ်လတ်သွက်လက်စွာ၊ ထို့ပြင် လှပစွာ ချည်ပြီးသွားသော လက်တွေ။
ဒီနေရာတွင်တော့ auuuu la la lar ဖြစ်သွားရပါသည်။ ရေးချက်ကလေး ထိမိသွား၍ ပြုံးစိစိ သဘောကျစွာ တစ်ချက်ရယ်မိပါသည်။
၉။ “ကဲ…ရပြီ၊ နင်မူးနေသေးလား”
ကျွန်မ ခေါင်းမညိတ်ရသေးမီ သူက စပို့ရှပ်အိတ်ထဲမှ ချိုချည်တစ်လုံး ထုပ်ပေးသည်။
ကိုယ်တော်ချောသည် အပြေးလေ့ကျင့်ရာတွင်တောင် ချိုချည်ဆောင် တတ်လျှင်၊ သူ့သွားများသည် ကောင်းမည့်ပုံမပေါ်ပေ။ သို့သော် လိုသောအချိန်တွင် အဆင်သင့်ပါရှိ၍ impress တော့ဖြစ်မိပါသည်။ အင်း…ယောင်္ကျားလေးများ ချိုချည်ဆောင်ထားကြပါ impression ပိုကောင်းပါ၏ ဟားဟ။
၁၀။ “ငါ့ကို ဘောနပ်စ်လေး ပေးခဲ့ဦးဟာ” ဟု သူတောင်းတတ်သည်။ သူတောင်းသည့် အပိုဆုကြေးမှာ ငွေမဟုတ်ပါ။ ထွေပြားဆန်းကြယ်သည့် နှုတ်ခမ်းတစ်ခုလည်း မဟုတ်ပါ။ ကျွန်မ၏ လက်သန်းနှင့် သူ့လက်သန်းချိတ်ယူကာ လက်သီးလေးတွေဆုပ်လျက် ကျွန်မသူ့လက်ခုံကို လှစ်ခနဲနမ်းလိုက်သည့် နွေးထွေးမှု့တစ်ခုသာ ဖြစ်တတ်သည်။ အဲဒါကို သူသည် မင်းသမီးလေး၏ ပန်းကုံးစွပ်ခံလိုက်ရသော လူဆင်းရဲကလေးတစ်ယောက်လိုပင် ကျေနပ်ကြည်နှူးစွာ ခံယူတတ်ပါသည်။
သမီးရည်းစားများ စတိုင်ကျကျ ရူးခြင်းတစ်မျိုးဖြစ်မည်ဟု သဘောပေါက်မိပါကြောင်း။
၁၁။ ကျွန်မသိသည့် ကျွန်မ၏ အချစ်ကတော့ နူးညံ့ပျော့ပျောင်းသည့် ခွေလိပ်ဖွာလွင့်သော အညိုရင့်ရင့်ဆံပင်လေးများဖြစ်သည်။ ဟမ်ဘာကာ၏ သုံးပုံတစ်ပုံလောက်ကို အလွယ်တကူ ငုံပြီးကိုက်ယူနိုင်လောက်အောင် ကျယ်ပြန့်သော ပါးလှပ်သော နှုတ်ခမ်းတစ်စုံဖြစ်သည်။ အဲဗား ရေမွှေးနံ့နှင့် ချွေးနံ့ပေါင်းစပ်ပြီး ချိုမြစွာ မွှေးသည့် ရှပ်အကျီအိတ်ကပ်တစ်ခုဖြစ်သည်။ ပူနွေးစွာ မြဲမြံသည့် လက်ဖဝါးတစ်စုံဖြစ်သည်။ ဂစ်တာဘေ့စ်သံလို ခိုင်မာစွာ ဆွဲဆောင်သည့် ဝါဝါညက်ညက်အက်သည့်အသံတစ်ခုဖြစ်သည်။
ဟမ်ဘာကာ တွင် size အမျိုးမျိုးရှိ၏။ BigMac, medium, small, happy meals… ဘယ်အရွယ်မှန်း မသိ၍ သုံးပုံတစ်ပုံဆိုသော ကျယ်ပြန့်ပြီး ပါးလှပ်သော ထိုနှုတ်ခမ်း အကြောင်းကို တော်တော်ကြာကြာလေး စဉ်းစားမိလိုက်၏။ ရည်ရည်ရာရာ အဖြေတော့ထွက်မလာခြေ။ ဒီလောက်တင်စားထားသည် ဖြစ်သောကြောင့် လှပပြေပြစ်သော နှူတ်ခမ်းဖြစ်လိမ့်မည်ဟု မှတ်ချက်ချလိုက်ပါသည်။ ဝါဝါညက်ညက်အက်သည့်အသံ – အသံတွင် အရောင်အဆင်းရှိကြောင်း ခုမှကျွန်မသိတော့၏။ အဝါရောင် ကို မနှစ်သက်၊ ဝါညစ်ညစ်ဆိုလျှင် ပိုဆိုး၏။ ဝါဝါညက်ညက် ကွဲအက်သောအသံ သည်မည်သို့ဖြစ်သည်ဟုမပြောတတ်ပေ။ ကျွန်မတော့ သိပ်သဘောမတွေ့လှပါ။
၁၂။ အချစ်တစ်ခု၏ ရည်မှန်းချက်သည် လက်ထပ်ခြင်းဟုပြောလျှင် အဲဒီစကားကို ကျွန်မလက်မခံပါ။ လက်ထပ်ခြင်းသည် အချစ်၏သချိုငိးဖြစ်ချင်ဖြစ်မည်။ သို့မဟုတ် အချစ်၏ အဆုံးသတ်ဇာတ်သိမ်းတစ်ခု ဖြစ်ချင် ဖြစ်မည်။ အချစ်၏ခရီးဆုံးပန်းတိုင် ဖြစ်ချင်ဖြစ်မည်။ လက်ထပ်ခြင်းသည် ဘာပဲဖြစ်ဖြစ် ကျွန်မအတွက်တော့မှုန်ဝါးဝါး ဝေးကွာလှသည့် ရုပ်ပုံကားတစ်ချပ်ဖြစ်သည်။ ကျွန်မ စိတ်မဝင်စားပါ။ ကျွန်မ စိတ်ဝင်စားအောင် မဆွဲဆောင်နိုင်ခဲ့ပါ။
အချစ်တွင် တာဝန်ယူမှု၊ ကတိပြုမှုပါသလား။ မပါ ပါ။
အချစ်တွင် အချစ်ပဲ ပါ ပါသည်။ လိုက်လျောမှုပါဝင်သော်လည်း အဲဒါဟာ တာဝန်ကြောင့်လိုက်လျောတာ မဟုတ်၊ အချစ်စိတ်သက်သက်ဖြင့် လိုက်လျောတာ ဖြစ်သည်။ မြတ်နိုးခြင်းသက်သက်ဖြင့် လိုက်လျောတာ ဖြစ်သည်။ စောင့်ရှောက်မှုပါဝင်သော်လည်း အဲဒါဟာ တာဝန်ကြောင့် ဂတိကြောင့် စောင့်ရှောက်တာ မဟုတ်။ အချစ်စိတ် သက်သက်ကြောင့် ယုယစိတ်သက်သက်ကြောင့် စောင့်ရှောက်တာပဲဖြစ်သည်။
အချစ်သည် နွားနို့တစ်ခွက်မဟုတ်၍ သိုးသွားမှာ ချဉ်သွားမှာ မစိုးရိမ်ရပါ။ အချစ်ယောင်ဆောင်ထားသည့် မက်မောတွယ်တာမှုတွေကတော့ အချိန်လွန်လျှင် သိုးကုန်နိုင်ပါလိမ့်မည်။
ဤစာပိုဒ်လေး နှင့် ဝတ္ထု၏ အဆုံးသတ်ကလေးကို နှစ်သက်မိပါသည်။ ရင်ထဲတွင် ချိုမြိန်အေးဆေးစွာ ကျန်ခဲ့၍ နောက်တစ်ခေါက် ပြန်ဖတ်မိပါတော့သည်။
ဒီဝတ္ထုတိုလေးကို ပို့ပေးသော သူငယ်ချင်း NWP အားကျေးဇူးတင်လျှက်…မိတ်သဟာအပေါင်းကို ထပ်ဆင့်ဝေမျှလိုက်ပါသည်။
No related posts.
12 Responses for "Review: Short Story by Juu"
Hi May,
I accidently found your blog. I really enjoyed reading your writing on Computers, technology and also your reviews. This review on Juu is the first one I read and I enjoyed it, a lot.
I can say that it is possible to fall down from loose shoe from personal experience. And you are right in saying that it will be just a tripping. Well, it all depends on the road. Since Juu is in Myanmar, it is possible. I had my ankle sprained in Grenada, WI, while I was jogging and I was making sure not to twist my ankle. Being so careful and I chose to jog on good street. Then I sprained the ankle. For my case, my loose ankle and road is the problem.
I don’t know whether Juu was using me for her story on sprained ankle and always have problem with shoe laces. It is funny that just today my shoe laces were somehow untied for like 3 times and I read your blog.
Well, keep up your good work, your Burmese is good. Sorry for the long post.
Hi Thiri,
Thanks for stopping by and your kind comment. The story is interesting and I like reading her stories. Yah you are right in saying the road problem, I forgot about that part.
Be careful next time you jog too. Oh hey you never know, you’ll get some sweets from a guy pass by. Should test your luck.
Have fun with your laces too.
Cheers.
Comment on Your Review on Juu’s Short
For your Comment 1
1. Yes, nowadays, you can find short story written style without main theme (stories) or subject, like we blog today. Some are based on impressism and some expressism. Generally, the shorts written according to the flow of concious mind without any directions (as our normal mind flowing anywhere at every seconds). This type of written style may base on the feelings, sudden impression and expression come out from the author’s mind and mode.
For Your Comment 6
6. Yes. It could be. I also have a Blood Sick, I am a matured man though..You may laugh at me.. But it is my weakness and one specialist told me this could be happened to some people due to some fault in their blood type or else (Sorry I dunno medical terms). At once, I was collapsed and vomitted when I was watching a nurse stitching my mum’s small wounded chin. I can’t forget that feeling and I really do not dare to see such scene. This is so-called Blood Sick, sam as high-sick and flight-sick…
For your Comment 7. Bass Guitar is a critical and a Bass guitarist is a leading player in a band to control the key, timing and rythm..
So I think Juu wants to use the comparable mood..that the girl felt like the guy’s voice like a base music which leads and controls the timing of her mood..at the moment she heard!!
For your Comment 8. “Yellow Soft Sound”
Yes, this is a sort of Oopamar (Example) Alinkar. In Myanmar language, we used Yellow Sound (ah than war) for the one whose sound are very powerful, sharp and great like a leader. I think “Wah Wah Nyat Nyat” sound means the girl felt that the guy’s sound is very powerful, but soft and crack-tone (sounds like Zaw Win Htut and Rod Steward)which could be a sort of opposite sex’s attraction to her at the moment she heard….
That’s all I could feel with Juu’s short story.
Cheers
Erratum to my comments.
Impressionism and Expressionism..
Also, I have a habit keeping sweet as I got stomach problem (Gastric) and doctor suggests me to keep it with me all the time..even when I play tennis..
@Dr.Mg
Thanks for the comments, they are great and very helpful!.
1. arh, so that’s what it is, now that you explained, I understand what Juu means in the story.
6. I guess you have a hemophobia.
8. Sounded like Zaw Win Htut and Rod Steward… they don’t have a soft vocal. ZWH doesn’t have a voice to sing proper Myanmar songs like his mother and his brother, so he goes for rock with his cracking throaty voice. Nope, I still don’t like the sound of that so-called “War War Nyat Nyat” (ZWH) vocal.
Oh so that guy in the story must have the same problem as yours (Gastric) to keep a sweet with him.
By the way, how are your teeth?
I do not mean Zaw Win Hut & Rod Steward’s sounds are soft. I mean they have crack tone..Again, in Juu’s expression, “Nyat” means soft and whisper..People with Crack-tone can speak very soft..”Wah” means powerful and sound like gentle man..
In summary..Wah Wah Nyat Nyat means, gentlly, powerfully, softly with crack tone..
To my personal view, Juu attempted to inveted a new literary style by using repeated words Wah Wah and Nyat Nyat to make it more siginficantly..
For example, Dagon Taya invented a new literary style in your selected poem ” May”..(see the words: Lay Nu Aye and Ta Nort Nort.. These two new words are now historic and Dagon Taya is famous for these words and May poem..)
I do not force you to like such sound, I just correct your understandings on Myanmar language and the way how Myanmar authors write and how they like to mean exactly..so that next time you read
Likeness or unlikeness is your personal choice, it’s fine..
(My teeth are still very strong, I have not been visited Dentist in my life so far..)
…mean exactly..so that next time you read Myanmar shorts or poems,,you may think and feel more in deep..I hope…
Hi May,
Further to my above in put, yes, in Myanmar literary, sounds and voices has colours, please refer these examples below if you have not heard before.
Ah Than Wah (Yellow sound): Powerful, successful
Ah Than Pyar (Blue sound):”He shouted until he got blue sound/voice”: when express the ultimate feelings of angry, happiness, fighting..The sound/voice almost going to collapsed or getting trouble to shout further due to the high-pitch tone.
Ah Than Nat (Black sound): To express a very deep,strong, violent and terrible sound. (eg. I heard Ah Than Nat Gyi yesterday night from the wood behind our village) ( He shouted with his Ah Than Nat Gyi)..
hoo..
I think I feed in too much in your blog post..But to be honest, I just want you to get true taste of Myanmar literature when you read next time..Myanmar language is actually complicated and hard to learn for those who study late (expecially foreigners)
Oh that’s right. Now that you mentioned it, I remember those sounds. I know about Blue sound and the Black sound but the Yellow is rarely used one I think…or may be just my ignorance that I never know of it before.
Very true, Myanmar literature is very hard to understand especially for those like me with very limited knowledge. Thank you so much for explaining me with such patience.
Seriously, that “May” poem by Dagon Tayar, I don’t even know it’s called “May”. I thought it’s “Alinkar shin ….”. I think the first verses are direct copy from “May” then the later verses are adaptations of another poet.
Learning Myanmar language is hard, but to understand properly is even harder.
“ဆရာ မပြ၊ ငပိတောင် ကောင်းကောင်း မဖုတ်တတ်” ဆိုသလို…although I try hard to understand some part, I can never get it right until and unless someone point it out to me.
I learn something new today and I sincerely thank you for explaining to me. မေတို့လို မြန်မာစာနဲ့ ဝေးကြနေတဲ့လူတွေအဖို့ စာတပုဒ်ဖတ်ပြီး၊ အဲဒီစာရဲ့ အနှစ်သာရနဲ့ အဓိပ္ပါယ်ကို ကောင်းကောင်းနားလည်ဖို့ဆိုတာ တော်တော်ကြီးကို ခဲရင်းပါတယ်။ အခုလို စိတ်ရှည်လက်ရှည်နဲ သေသေခြာခြာ ရှင်းပြပေးတာကို ကျေးဇူးအထူးတင် ကြောင်းပါရှင်။
Also thank you so much for visiting mayvelous.
You have a good weekend.
Hi May
I must say this post is really entertaining.Moreover, many times previously I find it difficult to read Juu’s books quickly and finally I had to give up to finish while Patricia Cornwell’s psychopath fictions are easy for me. Now I just learnt that the reason when you analysed Juu’s story sentence by sentence. May, you have been star among bloggers, I think.
ဇာတ်လမ်းအဓိကမဟုတ်သောဝတ္ထု ဆိုတာ ရသမပါတဲ့ အပျော်ဖတ်စာပေကို ရည်ညွှန်းတာ ဖြစ်ပါလိမ့်မယ်….စာရေးသူက အပျော်ချစ်ခဲ့ကြတယ်လို့ ဖွဲ့ချင်တာထင်ပါတယ်….
အသံမှာ အရောင်မရှိတာတော့အမှန်ပဲမေ….ဒါပေမယ့် အရောင်တွေနဲ့ တင်စားလို့တော့ ရပါတယ်….English လိုပြောရင်တော့ Logical ပေါ့….စိတ်ခံစားမှုအရ ခိုင်းနှိုင်းတဲ့သဘောပါ….အသံဝါ ဆိုတာ အသံအောင်တာကို ဆိုလိုပါတယ်…….အမိန့်ပေးသံတွေကိုရည်ညွှန်းသုံးတတ်ပါတယ်….အသံပြာ ကတော့ တိမ်ဝင်သွားတဲ့အသံပေါ့….တစုံတရာကို ကျယ်ကျယ်လောင်လောင်အော်နေရင်း တိမ်ဝင်သွားတဲ့ အသံပါ….အသံနက်ဆိုတာလည်း ရှိသေးတယ်….ကြောက်လန့်တကြား အကျယ်ကြီး အော်တဲ့အသံလေ….” အား ” ဆိုတာမျိုးပေါ့….