Me, Myself and Mayvelous
9 Apr
ဒီအပတ် ဖွေး ဆီက သီချင်းနှစ်ပုဒ်နဲ့ ကျမရဲ့ သီချင်းနှစ်ပုဒ် တင်ပေးလိုက်ပါတယ်ရှင်။
ဖွေးရဲ့ ပထမတပုဒ်က ယုဇနဆိုထားတဲ့ “ငယ်ငယ်တုန်းကထက်ပိုချစ်တယ်” ဆိုတဲ့ ခပ်မြူးမြူးသီချင်းလေးတပုဒ်ပါ။ ဖွေးအသံနဲ့ ဒီလိုမြူးမြူးကြွကြွ သီချင်းလေးတွေနဲ့ အရမ်းလိုက်တယ်လို့ ကျမတော့ထင်တာပဲ။
ပြောင်လဲမသွားတော့မဲ့ အချစ်နဲ့
ဟောင်းနွမ်းမသွားတော့မဲ့ အချစ်နဲ့
မအိုမင်းတော့မဲ့ အချစ်နဲ့
ငယ်ငယ်တုန်းကထက်ပိုချစ်တယ်။
[ MP3 ] Phwe – Nge Nge Tone Ka Htet Po Chit Tal
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
ဒီ “အလွမ်းနေ့ရက်ရှည်” သီချင်းကို မေစပယ်ညိုကဆိုထားတာပါ။ မေစပယ်ညို အသံက ကျမအတွက်တော့ တော်တော်နိမ့်လို မနဲလိုက်ဆိုရတာတောင် ဟိုပြတ်ဒီပြတ်နဲ့ ဘယ်လိုဆိုရမှန်းမသိတာကို၊ ဖွေးက အေးအေးဆေးဆေးလေး ကြည်လင်ပြတ်သားတဲ့ သူ့အသံလေးနဲ့ လွယ်လွယ်လေးဆိုသွားတာကို နားသောတဆင်ကြည့်ကြပါဦးရှင်။
Oh Love…ရှင်သန်ရာ ဘဝလေးမှာ မင်းအချစ်နဲ့ ဝေးရင်လေ
အရာရာဟာလေ တကယ်ကိုအသက်မဲ့သွား…
Oh Love…နှလုံးသားလေးဟာ သေဆုံးချိန်မှာ
အဓိပ္ပါယ်မဲ့ ကိုယ်ရဲ့အလွမ်းနေ့ရက်ရှည်များ…
[ MP3 ] Phwe – A Lwan Nay Yat Shay
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
ဒီသီချင်းက အလွမ်းသီချင်းလဲဖြစ်၊ key ကလဲနိမ့်၊ မဆိုကလဲမဆိုတတ်၊ မေစပယ်ညိုအသံကိုနားထောင်ပြီး သူ့လို ဖီးလ်တွေ အီးတွေ ထည့်ဆိုလိုက်တာ ဖီးလ်အသွင်းများသွားလို့ အသံကိုထွက်မလာတော့တဲ့ ကျမရဲ ဗားရှင်းလေးကိုလဲ နားဒုက္ခဆင်နိုင်ကြောင်းပါရှင်။
[ MP3 ] May – A Lwan Nay Yat Shay
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
မေစပယ်ညို အသံကိုဆိုလို့မရမှန်းသိရက်နဲ့ ကျမအရူးမ နောက်တပုဒ်ထက်ဆိုလိုက်ပါသေးတယ်ရှင်။ စာသားလေးကိုခံစားလိုက်ရလို့ပါ။ သီချင်းလေးက “အချစ်ဆိုတာ” ပါတဲ့ရှင်။
ငယ်စဉ်ခါ အချစ်ဆိုတာကို နားမလည်ပါ
အဓိပ္ပါယ်အဖြေရှာမရခဲ့ပါ
ရယူပိုင်ဆိုင်ခြင်းပဲလို့ ရင်ထဲဆွဲမြဲမှတ်ယူထားတကယ်ဆိုရင် အချစ်ဆိုတာ အိပ်မက်ပမာ
အမြဲလို ကာရံများမသေချာ၊ ရယူချင်လဲပေးဆပ်လို့
တို့အဝေးဆုံးက လွမ်းနေမှာ
ဒီလိုအချိန်ကျမှ ရင်မှာခံစားရ
[ MP3 ] May – A Chit So Der
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
ဒီအပတ်တော့ ဒီမျှပါပဲရှင်။ 7ven အဖွဲ့က ကျေးဇူးတင်ကြောင်းပါရှင်။
No related posts.
6 Responses for "Music: A Lwan Nay Yat Shay"
Great Songs choice. and the singer is good as a Amateur. Keep it up. I think you guy are a good singer. Only one thing for May ..Why don’t you try Rock music? I think you have strong voice force. Try some … ?????
will
Expect more songs from now on.
Oh.. wait.. I dont’ know someone say “Nga doe Nar Oue
Lar Pi” I guess might be aunty. hehehehheheh she is sort of right sometime.. just kidding.
ah…bro, me sing rock? You must be joking. Phyu Phyu Kyaw Thein song? LOL kg taw mhar pal.
Yah that’s mom cheering for me.
မေစပယ်ညိုအသံက တကယ်တော့မလွယ်ဘူး။ သူ့လိုအသံမျိုးက ရှားတော့ရှားတယ်။ အစ်မရဲ့အသံလည်းကောင်းပါတယ်ဗျ။
စကားမစပ် .. အသံမထွက်တော့ရင် မှန်ချို ဆောင်ထားနော်
ကျေးဇူးအများကြီးတခ်ပါတယ်
မေ မေချင်းနာမည်တူလို့ ။အခုမှ ဒီဘလော့ဂ်ကိုရောက်ဖြစ်တယ်၊သီချင်းတွေ ကူးသွားတယ်နော်မေ၊ နောက်လာလည်အုံးမယ်။တေးအသစ်တင်ထားပါအုံး။ မေက သီချင်းအရမ်းကြိုက်တော့ ကျေးဇူးနော်၊