အခုတလော အိမ်မှာရော ရုံးမှာရော အရမ်းအလုပ်များနေတာနဲ့ လုပ်နေကျကိုယ်ပိုင်ချိန် အလုပ်လေးတွေကို ignore ထားရတယ်။ စာလဲ မဖတ်နိုင်ဘူး၊ feed တွေလဲ မဖတ်နိုင်ဘူး၊ အပတ်စဉ် ကူနေကြ BD + GV web update ကိုလဲ လှည့်တောင်မကြည့်နိုင်ဘူး။ တာဝန်တွေ လစ်ဟင်းမိနေလို့ သက်ဆိုင်သူတွေကို အားနာမိပါတယ်။ ထားပါတော့ you don’t want to know.

မေ့ သူငယ်ချင်းတွေလဲ တချို့က စာမေးပွဲရာသီဖြစ်လို့ အလုပ်တွေရှုပ်နေကြတယ်၊ တချို့က forever busy following $$$၊ တချို့က စိတ်တွေ လေ၊ စိတ်ဓာတ်တွေကျ၊ အင်း အစုံပဲပေါ့။ သူတို့နဲ့ ကောင်းကောင်း catch up မလုပ်ဖြစ်တာလဲ တစ်လလောက် ရှိရောပေါ့။ ပြောချင်တာက ထိုထိုသောအကြောင်းပြချက်များကြောင့် ဒီရက်ပိုင်းအတွင်း mayvelous ငြိမ်နေခြင်းဖြစ်ပါတယ်လို့။ အဟီး ဘာမှတော့ မဆိုင်ပါဘူး။

အဲဒါနဲ့ ဟိုနေ့တုန်းက ဟိုမိန်းကလေး နဲ့ ဟိုလူလေး က ဟိုစာမေးပွဲတွေ ပြီးသွားလို့ဆိုပီး ဟိုသီချင်းလေးတွေ ပို့ထားတယ်။ အဲဒါ တင်မယ် တင်မယ်နဲ့ လုပ်နေတာ ဒီနေ့တော့ တင်ဖြစ်အောင်တင်ပါ ဆိုပြီး ဟို နားဒုက္ခဆင်ချင်သူ တစ်ယောက်က ပူညံ ပူညံ လာလုပ်လို့ ရုံးကနေ ဒီ post ကိုတင်ပေးလိုက်ပါတယ်။

nay war phyoအရင်ဆုံး ဟိုလူလေးရဲ့ သီချင်း ၃ပုဒ် တင်ပေးမယ်။ သူပို့ထားတာ တော်တော်ကြာပီ။ လူလေးက ဂစ်တာနဲ့ အပြတ်ဟဲထားတာ။ မဆိုးပါဘူး၊ တော်တော်လေး တီးနိုင် ဆိုနိုင် ပါတယ်။ သူ ဂစ်တာတီးတတ်ကြောင်း လာကြွားထားတာလေ။ နင် တီးတာလောက်တော့ အပျော့ ပေါ့ကွာ။ ငါတို့ ကလဲ အပြတ်တီး (လက်ခုပ်) လာတဲ့လူဆိုတော့ အနုပညာသမား အချင်းချင်း ပိုနားလည်ခံစားတတ်တာပေါ့နှော့်။ ဟဲဟဲ

ဒီဟာလေးက instrumental လေးပါ။ လူလေးက ခပ်တိုတို classical လေးတစ်ခု တီးထားတာတဲ့။ အင်း နာမည်ဘာခေါ်လဲ သိဘူး။ လူလေးက အပြင်းထူတယ်၊ သူ ပို့သမျှသီချင်းတွေကို နာမည်တစ်ခုမှ မတတ်ထားဘူး။ ၁ ၂ ၃ ၄ ဆိုပီး name ထားတယ်။ ဒီကလဲ သီချင်းနာမည်တွေကို တော်တော်သိတာကိုး။ ဒီမှာတင်ဖို့ လုပ်တိုင်း ဟဲ့ နင့် နံပတ် ၁ သီချင်းက ဘာခေါ်လဲ၊ ဘယ်သူဆိုလဲ၊ ဘာလဲ ညာလဲ ပြန်ပြန်မေးရတယ်။ အဲဒါမျိုးဆိုရင် ဟိုမိန်းကလေးက တော်သွားပြန်ရော။ သူပို့တဲ့ သီချင်းတွေကို ကောင်းကောင်း label လုပ်ပီး ဘယ်သူ ဘယ်ဝါ ဆိုကြောင်းပါ ရှင်းပြတယ်။ အင်းထားပါတော့ လောလောဆယ် နာမည်သိတဲ့ ၂ ပုဒ်တင်လိုက်ပါတယ်။ R ဇာနည် ရဲ့ နေရာ နှစ် နဲ့ ဝိုင်ဝိုင်း ရဲ့ သမင်လည်ပြန် တဲ့။

[ MP3 ] Instrumental
[ MP3 ] Nay Yar 2 (နေရာ နှစ်)
[ MP3 ] Ta Min Lal Pyan (သမင်လည်ပြန်)

ပထမတော့ လူလေး သီချင်းတွေကြီး တစ်ကိုယ်တော် အနေနဲ့တင်မလို့ အဲ့ဒါ သူ့ buddy ကြီးတွေက ဒီကောင့်အသံမကြားချင်ဘူး ပြောလို့ ok ok ဆိုပီး ရောတင်လိုက်တာ။ သိလားဟဲ့ နင့်ကိုအဲလောက်ထိ အားပေးကြတာ။ ဟာဟား စကြတာပါ၊ နင်ကောင်းတယ် ပြောကြပါတယ်။

Phwe + Mayဒီတခါ ဟိုမိန်းကလေးရဲ့ အင်္ဂလိပ် သီချင်းလေး တင်မလို့၊ အဲဒါ သူက မိန်းမရယ် ငါတစ်ယောက်ထဲဆိုတာကြီး တင်နေရင် နားထောင်ရတာ ငြီးရောပေါ့၊ နင်နဲ့ အတူဆိုမယ် တဲ့။ ကျွန်မက ဟဲ့ ငါနဲ့ အတူဆိုရင် နင့်သီချင်းပြတ်ရောလို့ အတင်းငြင်းပါတယ်။ But she insists. မိန်းမရယ် နင်နဲ့ အတူမဆိုရရင် ငါ ဒီတစ်သက် အသေဖြောင့်မှာမဟုတ်ဘူး၊ လုပ်ပါဟယ်၊ ငါ့ကို သနားပါအုံး ဆိုတာနဲ့ ကျွန်မလဲ သူအသေဖြောင့်ပါစေကြောင်း မေတ္တာပွားပီး ပါရမီ ဖြည့်ပေးလိုက်ရတယ်။ အဟတ် ဟတ်ဟတ်။

အမယ် အဲဒါကိုနော် ကိုယ်တော်မလေးက ဆိုပေးလဲ ဆိုပေးပြီးရော ကျေးဇူးကန်းပါလေရော။ မိန်းမတဲ့ နင့်ရဲ့ မောင်၊ မောင် ဆိုတာကြီးက ဘာသံကြီးမှန်းကို မသိဘူးတဲ့။ very weird ပဲတဲ့။ ကျွန်မကလဲ ဟေ…ဟုတ်လား ကြည့်မယ်စမ်း၊ ဆိုပီး ကိုယ်အသံကိုယ် ပြန်နားထောင်လိုက်တာပေါ့နော်။ အမယ် သကောင့်သမီးက ဘယ်ဆိုးလို့တုန်းပေါ့၊ တယ် ချိုတဲ့ အသံပဲ ဆိုပီး အပြတ် ကိုယ်ဟာကိုယ် ကြည်နူးပီတိ ဂွမ်းဆီထိ ချီးကျူးလိုက်တာပေါ့။ ဟဲဟဲ

ကြည်နူးလို့မဆုံးသေးဘူး mom က ဝင်လာပါလေရော။ ဟဲ့ဘာသံတွေလဲ၊ တဂွီးဂွီ တဂွမ်ဂွမ်နဲ့ တဲ့။ ကျွန်မကလဲ အဟဲ ငါ့အသံကောင်းကြောင်း အဆုံးအဖြတ်ပေးဖို့ လူတစ်ယောက်ရပီပေါ့ ဆိုပီး၊ လာလာ မေကြီး၊ သမီးနဲ့ ဖွေးနဲ့ တူတူဆိုထားတာ လာနားထောင်ကြည့်ဆိုပီး အားရဝမ်းသာ ဖိတ်မင်္ဂလ ပြုလိုက်တာပေါ့နော့။ အဲဒီမှာတင် မှန်းချက်နဲ့ နှမ်းထွက်က ဟတ်တက်ကွဲပါလေရော။ ဒါလားနင်ဆိုတာ၊ ဘာသံကြီးလဲတဲ့၊ ဖွေးကိုလဲ အားနာပါအုံးတဲ့။ အတူဆိုတာ သူ့ကိုလိုက်မှီအောင်ဆိုမှပေါ့တဲ့။ အခုဟာက တခြားစီပဲတဲ့။ အဟင့် ပြောရက်လိုက်တာ။ ကျွန်မရဲ့ စောနက ကြည်နူးချက်လေး တော်တော်လေး ယိုင်သွားတာပေါ့နော။ ဟာ မေကြီးကလဲ ဒီက သမီးအရင်းလေ။ နဲနဲပါးပါး အားထောက်အားနာလေးနဲ့ ကောင်းတယ်ပြောစမ်းပါအုံး ပေါ့။ သူက ဟေ…နင့်ကိုများ အားနာနေရမှာလား မကောင်းရင် မကောင်းဘူးပေါ့ ဆိုပီး အတင်းကြီးကို ပိတ်ပြောပါလေရော။ အဲဒါနဲ့ ကျွန်မလဲ ဟာ တော်ပီ နောက်တစ်ပုဒ် ပေးနားမထောင်တော့ဘူး ဆိုပီး မေကြီးကို အတင်း အခန်းထဲက ဆွဲထုတ်လိုက်ရတယ်။ အမယ် အဲဒါကို ဟို အမိလေးက ကြားလဲကြားရော ခွက်ထိုးခွက်လန် ရယ်ပါလေရော။ မိန်းမ အန်တီကို ပြန်ခေါ်လိုက်၊ နောက်တစ်ပုဒ်ပါနားထောင်ခိုင်းလိုက် တဲ့။ ကျွန်မလဲ တော် တော် နင်ဝင် မီးမထိုးပေးနဲ့ ဆိုပီး ဟောက်လိုက်တော့မှ ငြိမ်သွားတယ်။ ဒါတောင် ကျွန်မ မသိအောင် ဘယ်လောက်ရယ်နေမလဲ မသိ။ သိပ်ချစ်ဖို့ကောင်းတဲ့ အမိလေး။ ကျွန်မ စိတ်ဆိုးဆိုးနဲ့ သူ့ကို ပွစိပွစိလုပ်နေတာကို သူက မသိချင်ယောင်ဆောင်ပီး ကျွန်မတို့ရဲ့ ချစ်မ Jain ကြီးကို ပါ triplet ဆိုဖို့ ရအောင်ဆွယ်ပါလေရော။ မ Jain ကြီးလဲ ယက်ကန်ယက်ကန် အင်း အဲ နဲ့ ပါလာရတာပေါ့။ အင်း…အဲဒါလေးကတော့ နောက်မှမျှော်။ ဟိဟိ။

[ MP3 ] Taung Tal Su Nal Phay Wa Ya Say Thar (တောင်းတဲ့ဆုနဲ့ ပြည့်ဝရစေသား)
[ MP3 ] Blue Jean (ဂျင်းပန် အပြာ)

ဘာပဲဖြစ်ဖြစ်၊ မကောင်းလဲ ကောင်းတယ်၊ ကောင်းလဲ ပိုကောင်းတယ် ဆိုပီး နားပိတ်ပြီးတော့သာ နားထောင်လိုက်ပေတော့။ အပျော်အပြက် ပေါ့နှော့်။ I’m sure you’ll enjoy it. နားထောင်ပေးတဲ့ အတွက်၊ သူငယ်ချင်းတွေနဲ့ အတူ ဒီကနေ ကျေးဇူး များကြီးတင်ကြောင်းပါ ရှင်။

Update: Corrected spelling mistake
Fixed file download links

No related posts.