Me, Myself and Mayvelous
15 Jun
သူငယ်ချင်း ချမ်းမြစိုး က သူ့ရဲ့ မန္တလေး မိုးရာသီ အလွမ်း post မှာ “မိုးတွေရွာရင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုယ့်ခံစားမှုလေးတွေ ရေးဖို့ ဖိတ်ခေါ်ထားတာနဲ့ ဒီပေါက်တကရ ကဗျာလေးကို ချရေးမိလိုက်ခြင်းဖြစ်ပါတယ်။ ချမ်းမြစိုး ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်ပါတယ်။
မိုးတွေရွာရင်
မိုးတွေရွာရင်…
၃၊ ၄နှစ် အရွယ်တုန်းက
နို့ဆို့ဖို့နဲ့ အုန်းသီးစားဖို့ သတိရခဲ့တယ်။မိုးတွေရွာရင်…
၁တန်း၊ ၂တန်း မူလတန်းမှာ၊
သူငယ်ချင်းတစ်စု မိုးရေဖွေးထဲ၊ လမ်းတကာ လျှောက်လည်၊
ဂဏန်းလိုက်နှိုက်၊ လှေ၊ဖောင်မျှောလဲ ပြိုင်ခဲ့ဖူးတယ်။မိုးတွေရွာရင်…
၃၊ ၄တန်းအရောက် စကတ်တိုတို၊
ခါးတောင်းကျိုက်ပြီး ကျောပိုးအိပ်ကို ခေါင်းမှာရွက်လို့
ကျောင်းဝင်းထဲ ခွာစုံဆိုင်းခဲ့ဖူးတယ်။မိုးတွေရွာရင်…
၅တန်းအောင်လို့ ၆တန်း အတက် မိုးတွေထဲမှာ
လှုပ်လှီ၊ လှုပ်လှတ် ထမီ တစ်ဖတ်နဲ့၊ လွယ်အိပ်ကို ကွယ်၊
ခြင်းတောင်းသယ်ရင်း၊ လေတဝှီးဝှီး ထီးကိုမှီလို့၊
ရွှေကျောင်းတော်အရောက် မှန်မှန်လျှောက်ရင်း၊
မိုးနတ်မင်းဆီ ကျိန်ဆဲစာလဲ တင်ခဲ့ဖူးတယ်။မိုးတွေရွာရင်…
၇တန်းအောင် နွေအကုန် မိုးအကူး၊ လေရူးသုန်သုန် မုတ်သုန်ပြင်မှာ၊
ပင်လယ်ကိုကျော် သမုဒရာပေါ်သို့ လေယာဉ်ပျံစီး တိမ်ဆိုင်ခွင်းတော့၊
အမိမြေဆီက ဝသုန်မိုး နဲ့ ဖားဆွတ်အော်သံ ပဲ့တင်သံကို
နှမျောတမ်းတ လွမ်းဆွတ်ရင်မော ထားခဲ့ရ မှတ်မိသေးတယ်။မိုးတွေရွာရင်…
ရာသီတွေပြောင်း မိုးတွေနှောင်းလဲ
ကလေးဘဝအရွယ် မိုးရေတွေထဲ ဖမ်းမိဖူးတဲ့ ကိုရွှေဂဏန်းနဲ့
ရယ်သံချိုချို ရှက်သွေးပိုတဲ့ မိုးရေရွှဲရွှဲ ပျိုမေတစ်သိုက်ကိုလဲ
ပြန်ပြောင်း အောင့်မေ့ နေမိဆဲပါ။မိုးရွာအပြီး အိမ်ရှေ့လွင်ပြင် ရှေ့နောက်ခွင်က၊
ထွက်ပေါ်သင်းပျံ မြေသင်းရနံ့ကို၊
ကျွန်မအကြိုက် Chanel 5 က ဘယ်သို့လိုက်လို့မှီမလဲ။ဖီဂျီမိုးရေ ဘယ်လောက်အေးအေး၊
စောင်ခေါင်းမြီးချုံ ပုစွန်ကွေး ကွေး၊ ခပ်နွေးနွေး အိပ်ရာထဲ
ထမင်းလွတ် ဟင်းလွတ် အပြတ်နှပ်ခဲ့ ဖူးတဲ့၊ ရန်ကုန်မိုးသဲ နေ့တစ်နေ့ကို
ဘယ်တစ်သက်တိုင် မမှီနိုင်၊ မလဲနိုင်ပါ။မိုးတွေရွာရင်…
ပြတင်းပေါက်ဘေး မေးလေးထောက်လို့
တမ်းတမျှော်မြင် ဟိုး…အတိတ်ခွင်က
အလွမ်းပုံရိပ် မိုးအရိပ်ကို၊ လှမ်းလို့ ကြည့်နေမိဆဲပါ။အော်…မိုးတွေရွာရင်…။ ။
၁၅ ဇွန် ၂၀၀၇
နံနက် ၁၁း၄၀ နာရီ
မေဗလပ်(စ်)
ရုံးရောက်ရောက်ခြင်း CMS က tag ထားတယ်လာပြောလို့ စိတ်ထဲရှိရာလေးတွေ ကောက်ရေးလိုက်တာပါ။
You gonna see lots of spelling mistakes so feel free to correct me please.
မမို့မို့၊ မနေနေ နဲ့ မဒီ ရေ…မလေးတို့ရဲ့ မိုးရာသီအကြောင်းလေးတွေ share ပါအုံးလားရှင်။
No related posts.
12 Responses for "Poem: Moe Tway Ywar Yin"
I still sing that မိုးရွာရင် မိုးရေချိုးမယ် song.
ဖိုးချမ်း(cms)ရဲ့ Blog ကနေရောက်လာခဲ့ပြီး မိုးတွေရွာရင် Post ကို ဖတ်ရတော့ ….
အသက်အရွယ်လေးပြောင်းလာတာနဲ့ မိုးရွာတဲ့ အပေါ် ခံစားချက်မတူတာလေးဖတ်ရတာ ကြိုက်တယ် မေ
ငါ့ကို ပြစ်ထားကြတယ် :’(
အဲ မပြစ်ထားပါဘူး။ အစ်ကို့စီမှာ internet ရမရမသေချာတာရော၊ busy နေမလားထင်တာရောကြောင့် မ tag လိုက်တာပါ။ အစ်ကိုက ခုတလော ငြိမ်နေတာကိုး အလုပ်များနေတယ် ထင်တာပေါ့။
catcha sometimes.
နောက်တခါ အစ်ကို့ ကို tag မယ်နော။ ကျန်းခန့်သာလို့ မာတယ် rite bro?
မဒီကတော့ မိုးရာသီချစ်သူတစ်ယောက်တော့ မဟုတ်ဘူး။ ဒါပေမယ့် မိုးရာသီအကြောင်းတော့ ရေးဖို့ အရင်ကတည်းက စိတ်ကူးတော့ရှိတယ်။ ကဗျာတော့ မရေးတတ်တော့ ရေးနေကြအတိုင်းပဲ ရေးလိုက်ပါ့မယ်။
” မိုးရွာအပြီး အိမ်ရှေ့လွင်ပြင် ရှေ့နောက်ခွင်က၊
ထွက်ပေါ်သင်းပျံ မြေသင်းရနံ့ကို၊
ကျွန်မအကြိုက် Chanel 5 က ဘယ်သို့လိုက်လို့မှီမလဲ ”
အဲလို မြေသင်းရနံ့ကို အခုလို အချိန်မှာ သတိရလွမ်းဆွတ်မှု အဖြစ်ဆုံးပဲ
ကဗျာလေးက ဖတ်လို့ သိပ်ကောင်းပါတယ်။ ဟုတ်တယ် နှပ်ရတာကို အကြိုက်ဆုံးပဲ။
ဟဲဟဲ
မာပါတယ် မာပါတယ်။ မီးပျက်လွန်းလို့ ပါ။ အရင် ကကျင်လည်ခဲ့တဲ့ society အပြင်ဘက် ရောက်နေသလို ခံစားရလို့ပါ။ mayvelous ကိုရော globalvoices ကpost တွေကိုရော အမြဲဖတ်ဖြစ်တယ်။ အဲဒီမှာ ညီမရေးတာတွေကောင်းတယ်။
မိုးစက်ဖွဲဖွဲလေးတွေထဲမှာ အလွမ်းများနှင့် လမ်းလျှောက်ရတာကိုကြိုက်တယ်
မိုးရွာတိုင်းကဗျာရေးချင်တယ်
ဆက်ပြီး ရေးပါအုံးခင်ဗျာ။
ရိုးရိုးရှင်းရှင်းလေးနဲ့ဖတ်လို့ကောင်းတယ်။
အလုပ်တွေ ရှုပ်နေတာလား..
update မလုပ်တာ အတော်ကြာပြီ..
Take care SIS..