Me, Myself and Mayvelous
13 Jun
အခုတလော အိမ်မှာရော ရုံးမှာရော အရမ်းအလုပ်များနေတာနဲ့ လုပ်နေကျကိုယ်ပိုင်ချိန် အလုပ်လေးတွေကို ignore ထားရတယ်။ စာလဲ မဖတ်နိုင်ဘူး၊ feed တွေလဲ မဖတ်နိုင်ဘူး၊ အပတ်စဉ် ကူနေကြ BD + GV web update ကိုလဲ လှည့်တောင်မကြည့်နိုင်ဘူး။ တာဝန်တွေ လစ်ဟင်းမိနေလို့ သက်ဆိုင်သူတွေကို အားနာမိပါတယ်။ ထားပါတော့ you don’t want to know.
မေ့ သူငယ်ချင်းတွေလဲ တချို့က စာမေးပွဲရာသီဖြစ်လို့ အလုပ်တွေရှုပ်နေကြတယ်၊ တချို့က forever busy following $$$၊ တချို့က စိတ်တွေ လေ၊ စိတ်ဓာတ်တွေကျ၊ အင်း အစုံပဲပေါ့။ သူတို့နဲ့ ကောင်းကောင်း catch up မလုပ်ဖြစ်တာလဲ တစ်လလောက် ရှိရောပေါ့။ ပြောချင်တာက ထိုထိုသောအကြောင်းပြချက်များကြောင့် ဒီရက်ပိုင်းအတွင်း mayvelous ငြိမ်နေခြင်းဖြစ်ပါတယ်လို့။ အဟီး ဘာမှတော့ မဆိုင်ပါဘူး။
အဲဒါနဲ့ ဟိုနေ့တုန်းက ဟိုမိန်းကလေး နဲ့ ဟိုလူလေး က ဟိုစာမေးပွဲတွေ ပြီးသွားလို့ဆိုပီး ဟိုသီချင်းလေးတွေ ပို့ထားတယ်။ အဲဒါ တင်မယ် တင်မယ်နဲ့ လုပ်နေတာ ဒီနေ့တော့ တင်ဖြစ်အောင်တင်ပါ ဆိုပြီး ဟို နားဒုက္ခဆင်ချင်သူ တစ်ယောက်က ပူညံ ပူညံ လာလုပ်လို့ ရုံးကနေ ဒီ post ကိုတင်ပေးလိုက်ပါတယ်။
အရင်ဆုံး ဟိုလူလေးရဲ့ သီချင်း ၃ပုဒ် တင်ပေးမယ်။ သူပို့ထားတာ တော်တော်ကြာပီ။ လူလေးက ဂစ်တာနဲ့ အပြတ်ဟဲထားတာ။ မဆိုးပါဘူး၊ တော်တော်လေး တီးနိုင် ဆိုနိုင် ပါတယ်။ သူ ဂစ်တာတီးတတ်ကြောင်း လာကြွားထားတာလေ။ နင် တီးတာလောက်တော့ အပျော့ ပေါ့ကွာ။ ငါတို့ ကလဲ အပြတ်တီး (လက်ခုပ်) လာတဲ့လူဆိုတော့ အနုပညာသမား အချင်းချင်း ပိုနားလည်ခံစားတတ်တာပေါ့နှော့်။ ဟဲဟဲ
ဒီဟာလေးက instrumental လေးပါ။ လူလေးက ခပ်တိုတို classical လေးတစ်ခု တီးထားတာတဲ့။ အင်း နာမည်ဘာခေါ်လဲ သိဘူး။ လူလေးက အပြင်းထူတယ်၊ သူ ပို့သမျှသီချင်းတွေကို နာမည်တစ်ခုမှ မတတ်ထားဘူး။ ၁ ၂ ၃ ၄ ဆိုပီး name ထားတယ်။ ဒီကလဲ သီချင်းနာမည်တွေကို တော်တော်သိတာကိုး။ ဒီမှာတင်ဖို့ လုပ်တိုင်း ဟဲ့ နင့် နံပတ် ၁ သီချင်းက ဘာခေါ်လဲ၊ ဘယ်သူဆိုလဲ၊ ဘာလဲ ညာလဲ ပြန်ပြန်မေးရတယ်။ အဲဒါမျိုးဆိုရင် ဟိုမိန်းကလေးက တော်သွားပြန်ရော။ သူပို့တဲ့ သီချင်းတွေကို ကောင်းကောင်း label လုပ်ပီး ဘယ်သူ ဘယ်ဝါ ဆိုကြောင်းပါ ရှင်းပြတယ်။ အင်းထားပါတော့ လောလောဆယ် နာမည်သိတဲ့ ၂ ပုဒ်တင်လိုက်ပါတယ်။ R ဇာနည် ရဲ့ နေရာ နှစ် နဲ့ ဝိုင်ဝိုင်း ရဲ့ သမင်လည်ပြန် တဲ့။
[ MP3 ] Instrumental
[ MP3 ] Nay Yar 2 (နေရာ နှစ်)
[ MP3 ] Ta Min Lal Pyan (သမင်လည်ပြန်)
ပထမတော့ လူလေး သီချင်းတွေကြီး တစ်ကိုယ်တော် အနေနဲ့တင်မလို့ အဲ့ဒါ သူ့ buddy ကြီးတွေက ဒီကောင့်အသံမကြားချင်ဘူး ပြောလို့ ok ok ဆိုပီး ရောတင်လိုက်တာ။ သိလားဟဲ့ နင့်ကိုအဲလောက်ထိ အားပေးကြတာ။ ဟာဟား စကြတာပါ၊ နင်ကောင်းတယ် ပြောကြပါတယ်။
ဒီတခါ ဟိုမိန်းကလေးရဲ့ အင်္ဂလိပ် သီချင်းလေး တင်မလို့၊ အဲဒါ သူက မိန်းမရယ် ငါတစ်ယောက်ထဲဆိုတာကြီး တင်နေရင် နားထောင်ရတာ ငြီးရောပေါ့၊ နင်နဲ့ အတူဆိုမယ် တဲ့။ ကျွန်မက ဟဲ့ ငါနဲ့ အတူဆိုရင် နင့်သီချင်းပြတ်ရောလို့ အတင်းငြင်းပါတယ်။ But she insists. မိန်းမရယ် နင်နဲ့ အတူမဆိုရရင် ငါ ဒီတစ်သက် အသေဖြောင့်မှာမဟုတ်ဘူး၊ လုပ်ပါဟယ်၊ ငါ့ကို သနားပါအုံး ဆိုတာနဲ့ ကျွန်မလဲ သူအသေဖြောင့်ပါစေကြောင်း မေတ္တာပွားပီး ပါရမီ ဖြည့်ပေးလိုက်ရတယ်။ အဟတ် ဟတ်ဟတ်။
အမယ် အဲဒါကိုနော် ကိုယ်တော်မလေးက ဆိုပေးလဲ ဆိုပေးပြီးရော ကျေးဇူးကန်းပါလေရော။ မိန်းမတဲ့ နင့်ရဲ့ မောင်၊ မောင် ဆိုတာကြီးက ဘာသံကြီးမှန်းကို မသိဘူးတဲ့။ very weird ပဲတဲ့။ ကျွန်မကလဲ ဟေ…ဟုတ်လား ကြည့်မယ်စမ်း၊ ဆိုပီး ကိုယ်အသံကိုယ် ပြန်နားထောင်လိုက်တာပေါ့နော်။ အမယ် သကောင့်သမီးက ဘယ်ဆိုးလို့တုန်းပေါ့၊ တယ် ချိုတဲ့ အသံပဲ ဆိုပီး အပြတ် ကိုယ်ဟာကိုယ် ကြည်နူးပီတိ ဂွမ်းဆီထိ ချီးကျူးလိုက်တာပေါ့။ ဟဲဟဲ
ကြည်နူးလို့မဆုံးသေးဘူး mom က ဝင်လာပါလေရော။ ဟဲ့ဘာသံတွေလဲ၊ တဂွီးဂွီ တဂွမ်ဂွမ်နဲ့ တဲ့။ ကျွန်မကလဲ အဟဲ ငါ့အသံကောင်းကြောင်း အဆုံးအဖြတ်ပေးဖို့ လူတစ်ယောက်ရပီပေါ့ ဆိုပီး၊ လာလာ မေကြီး၊ သမီးနဲ့ ဖွေးနဲ့ တူတူဆိုထားတာ လာနားထောင်ကြည့်ဆိုပီး အားရဝမ်းသာ ဖိတ်မင်္ဂလ ပြုလိုက်တာပေါ့နော့။ အဲဒီမှာတင် မှန်းချက်နဲ့ နှမ်းထွက်က ဟတ်တက်ကွဲပါလေရော။ ဒါလားနင်ဆိုတာ၊ ဘာသံကြီးလဲတဲ့၊ ဖွေးကိုလဲ အားနာပါအုံးတဲ့။ အတူဆိုတာ သူ့ကိုလိုက်မှီအောင်ဆိုမှပေါ့တဲ့။ အခုဟာက တခြားစီပဲတဲ့။ အဟင့် ပြောရက်လိုက်တာ။ ကျွန်မရဲ့ စောနက ကြည်နူးချက်လေး တော်တော်လေး ယိုင်သွားတာပေါ့နော။ ဟာ မေကြီးကလဲ ဒီက သမီးအရင်းလေ။ နဲနဲပါးပါး အားထောက်အားနာလေးနဲ့ ကောင်းတယ်ပြောစမ်းပါအုံး ပေါ့။ သူက ဟေ…နင့်ကိုများ အားနာနေရမှာလား မကောင်းရင် မကောင်းဘူးပေါ့ ဆိုပီး အတင်းကြီးကို ပိတ်ပြောပါလေရော။ အဲဒါနဲ့ ကျွန်မလဲ ဟာ တော်ပီ နောက်တစ်ပုဒ် ပေးနားမထောင်တော့ဘူး ဆိုပီး မေကြီးကို အတင်း အခန်းထဲက ဆွဲထုတ်လိုက်ရတယ်။ အမယ် အဲဒါကို ဟို အမိလေးက ကြားလဲကြားရော ခွက်ထိုးခွက်လန် ရယ်ပါလေရော။ မိန်းမ အန်တီကို ပြန်ခေါ်လိုက်၊ နောက်တစ်ပုဒ်ပါနားထောင်ခိုင်းလိုက် တဲ့။ ကျွန်မလဲ တော် တော် နင်ဝင် မီးမထိုးပေးနဲ့ ဆိုပီး ဟောက်လိုက်တော့မှ ငြိမ်သွားတယ်။ ဒါတောင် ကျွန်မ မသိအောင် ဘယ်လောက်ရယ်နေမလဲ မသိ။ သိပ်ချစ်ဖို့ကောင်းတဲ့ အမိလေး။ ကျွန်မ စိတ်ဆိုးဆိုးနဲ့ သူ့ကို ပွစိပွစိလုပ်နေတာကို သူက မသိချင်ယောင်ဆောင်ပီး ကျွန်မတို့ရဲ့ ချစ်မ Jain ကြီးကို ပါ triplet ဆိုဖို့ ရအောင်ဆွယ်ပါလေရော။ မ Jain ကြီးလဲ ယက်ကန်ယက်ကန် အင်း အဲ နဲ့ ပါလာရတာပေါ့။ အင်း…အဲဒါလေးကတော့ နောက်မှမျှော်။ ဟိဟိ။
[ MP3 ] Taung Tal Su Nal Phay Wa Ya Say Thar (တောင်းတဲ့ဆုနဲ့ ပြည့်ဝရစေသား)
[ MP3 ] Blue Jean (ဂျင်းပန် အပြာ)
ဘာပဲဖြစ်ဖြစ်၊ မကောင်းလဲ ကောင်းတယ်၊ ကောင်းလဲ ပိုကောင်းတယ် ဆိုပီး နားပိတ်ပြီးတော့သာ နားထောင်လိုက်ပေတော့။ အပျော်အပြက် ပေါ့နှော့်။ I’m sure you’ll enjoy it. နားထောင်ပေးတဲ့ အတွက်၊ သူငယ်ချင်းတွေနဲ့ အတူ ဒီကနေ ကျေးဇူး များကြီးတင်ကြောင်းပါ ရှင်။
Update: Corrected spelling mistake
Fixed file download links
31 May
အခုတလော ဘလော့ဂါ မြန်မာစာ ရိုက်နည်းကျင့်နေတယ်။
လက်ကွက်ကို ကောင်းကောင်း မှတ်မိသွားပြီ။ စာရိုက်တော့ အရမ်း နှေးသေးတယ်။ လက်ကွက် စာရွက်ကြီး တကြည့်ကြည့် အဆင့်ကလွတ်သွားလို့ ကိုယ့်ကိုကိုယ် ဂုဏ်ယူတယ်။ ဒါပေမဲ့ ရေးရတာ အရသာမရှိသလိုပဲ၊ ကိုယ်ပြောချင်တာတွေက ဗမာလို ကောင်းကောင်းထွက်မလာဘူး၊ စာကြောင်း ကောင်းကောင်းစီလို့ မရဘူး။ ဘာပဲဖြစ်ဖြစ် ငါဗမာစာ ရိုက်တတ်သွားပီကွ လို့ပြောလို့ရသွားပြီ၊ သိပ်မျက်နှာငယ်စရာ မလိုတော့ဘူး။
အခုတလော ဘလော့ဂါ မြန်မာစာတွေ ပြန်ဖတ်နေတယ်။
ဘာရယ်လို့မဟုတ်ပါဘူး၊ စာတလုံး တတ်ထားတာ၊ မမေ့အောင်လို့။ ကိုယ်ဖတ်တဲ့ စာတလုံးရဲ့ အဓိပ္ပါယ်နဲ့ တန်ဖိုးကို နားလည်လာအောင်လို့၊ အရသာရှိရှိ ခံစားနိုင်အောင်လို့။ ဘယ်သူ့ အတွက်မှ မဟုတ်ဘူး၊ ကိုယ့်အတွက် ကိုယ်ပဲလုပ်နေတယ်။
အခုတလော ဘလော့ဂါ စာအုပ်ထူကြီး ၃အုပ်နဲ့ မျက်နှာအပ် အိပ်ဖြစ်နေတယ်။
မိုက်ခရိုဆော့ဖ် စာမေးပွဲ ဆက်ဖြေဖို့ စဉ်းစားထားတာ၊ တဆင့်တော့နီးသွားပြီ။ ဟိုး ချောင်ထဲက ဖုန်တလောလောနဲ့ စာအုပ်ကြီးတွေ ခုတင်ပေါ်ပြန်ရောက်နေလို့။ အိပ်ဆေးကောင်းကောင်းတစ်ခွက်လဲရသွားတယ်။ စာအုပ် ကိုင်လိုက်တာနဲ့ ခေါကနဲပဲ။
အခုတလော ဘလော့ဂါ အလုပ်တွေ အရမ်းရှုပ်နေတယ်။
project တော်တော်ကြီးကြီးတစ်ခုကို တာဝန်ယူထားရတယ်။ မလုပ်ဖူးသေးတဲ့ နည်းအသစ်တစ်ခုနဲ့ ဒီ project မှာစလုပ်ရတယ်။ နည်းသစ်ရဲ့ လုပ်ဆောင်ချက်နဲ့ အသုံးပြုပုံတွေကို အချိန်ယူပြီး လေ့လာနေရတော့ ပုံမှန် ထက်ပိုပြီး အချိန်လဲကြာ၊ ခေါင်းလဲ စားတယ်။ အဲလို project တွေလုပ်ရပြီဆိုရင် အလုပ်အကြောင်းကလွဲလို့ ခေါင်းထဲမှာ ဘာမှ မထားတော့ဘူး။ စားလဲ ဒီစိတ်၊ သွားလဲ ဒီစိတ်၊ အိပ်လဲ ဒီစိတ်၊ ညညယောင်လို့ ထအော်ရင်လဲ အလုပ်အကြောင်းပဲ အော်မိမှာပဲ။
အခုတလော ဘလော့ဂါ သူငယ်ချင်းတွေနဲ့ စကားသိပ်မပြောဖြစ်ဘူး။
သူတို့ပြောတာတွေပဲ နားထောင်မိနေတယ်။ ကိုယ်မှာ အလုပ်အကြောင်းကလွဲရင် ပြောစရာ စကားမရှိလို့။ လေစိမ်းတွေ တိုက်နေတာမဟုတ်ဘူး၊ လေငြိမ်နေတာ။
အခုတလော ဘလော့ဂါ စိတ်ရှုပ်နေတယ်။
ပွစိပွစိ ဘေးကလာပြောတဲ့လူတွေကို တခုတခုနဲ့ ကောက်ပေါက်ပစ်ချင်တယ်။ ဘာတွေပြောသွားမှန်း နားထဲကို မဝင်လိုက်ဘူး၊ တဂွီဂွီ တစီစီပဲ ကြားလိုက်တယ်။
အခုတလော ဘလော့ဂါ စိတ်ဓာတ်ကျနေတယ်။
လုပ်ချင်တာ၊ ဖြစ်ချင်တာ တွေများပြီး ဘာမှ အရာမယွင်း မဖြစ်မြောက်လို့ပဲ။
အခုတလော ဘလော့ဂါ စိတ်ပျက်နေတယ်။
ရည်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေ ကင်းမဲ့ နေတယ်။ ရေလိုက် ငါးလိုက် ပေါ့ပေါ့လေးပဲ နေချင်တယ်။ အဲလိုနေချင်တဲ့ စိတ်ကို ဘာလုပ်ရမှန်းမသိ စိတ်ကုန်နေတယ်။
အခုတလော ဘလော့ဂါ ဘာကိုမှန်းမသိ စိတ်ဆိုးနေတယ်။
ကိုယ့်အသုံးမကျမှုတွေကို ဒေါသထွက်နေတယ်။
အခုတလော ဘလော့ဂါ စိတ်ရောဂါအထူးကုဆေးရုံ ရောက်ဖို့ ပိုနီးနီးလာတယ်။
စိတ် စိတ် စိတ် စိတ် နဲ့ တစိတ်စိတ် မြည်နေတယ်။
အခုလဲ ဘလော့ဂါ ပေါက်တကရ ခေါင်းထဲပေါ်ရာ လျှောက်ရေးနေတယ်။
အား ခေါင်းထဲမှာ ဘာတွေမှန်းကို မသိဘူး။
လောလောဆယ်တော့ ဘလော့ဂါ အိပ်ချိန်ရောက်သွားပြီ။
30 May
A nice poem.
ဗိုလ်ချုပ်အောင်ဆန်း (အတိတ်နှင့်ပစ္စုပ္ပန်)
မသိ၍ဆို၊
မလို၍ပြော။
သူ့စိတ်မှာ အလွန်ယဉ်လို့၊
သူ့ဥာဉ်မှာ အလွန်သန့်တယ်၊
ထူးချွန့်သဘော။မသိ၍ထင်၊
မမြင်၍ပြော။
သူ့ဝိညာဉ် မသေပျောက်ပါဘူး၊
မိုးပေါက်လို အစဉ်ကြည်လို့၊
နေခြည်လို အစဉ်လန်းကာ၊
ဖျန်းဆွတ်စိတ်စော။ ။မင်းသုဝဏ်။
22 May
Here is one good site I came across (via barnyar, I think). It’s a very neat blog (wp platform), well organized categories for authors, download links using Megaupload, very clean no ad (yet) and might become users generated content site like any other ebooks share sites in the future as they accept contribution from users. I’m very much impressed with the site as I find many good books I like. I found two books from my favorite author Juu. Gonna download them soon. One of the advantages for providing a site like that in blog format is that you can roll the feed and keep yourself updated regularly than the normal static sites. So good work whoever the owners are.
မြန်မာအီးဘွတ်များကို တစ်စုတစ်စည်း တစ်နေရာထဲမှာ ဒေါင်းလုပ် လုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဒီဘလော့ကို ဖန်တီးခြင်း ဖြစ်ပါတယ်။ အခု ကျွန်တော်မှာရှိတဲ့ မြန်မာအီးဘွတ်များကို အရင်တင်ပေးသွားမည် ဖြစ်ပါတယ်။ နောက်ထပ် မြန်မာအီးဘွတ်များကိုလည်း ကြိုးစားပြီး စုဆောင်းပါမယ်။ စုဆောင်းလို့ ရသမျှကိုလည်း ဒီဘလော့လေးမှာ တင်ပေးသွားမှာပါ။ ကျွန်တော် မသိသေးတဲ့ မြန်မာအီးဘွတ်တွေ အများကြီး ရှိသေးပါတယ်။ မိတ်ဆွေတို့မှာလည်း မြန်မာအီးဘွတ်များရှိရင် မျှဝေပေးစေလိုပါတယ်။ မိတ်ဆွေတို့ မျှဝေပေးတဲ့ မြန်မာအီးဘွတ်များကိုလည်း ဒီဘလော့လေးမှာ ပြန်လည်တင်ပေးသွားမှာပါ။ တစ်ကယ်လို့ မိတ်ဆွေတို့မှာရှိတဲ့ မြန်မာအီးဘွတ်များကို မျှဝေပေးချင်တယ်၊ မိတ်ဆွေတို့သိတဲ့ မြန်မာအီးဘွတ်လင့်များကို ပေးချင်တယ် ဆိုရင်တော့ myanmar.ebooks@gmail.com ကို ပို့ပေးကြပါ။ အားလုံးကို အထူး ကျေးဇူးတင်ရှိပါတယ်။
Just one small thing I like to see/suggest is to put the book covers in each post and if possible a brief intro/description of the book. But I know it could be too much hussel for the site owner as he got to manage lots of books and some books might not have covers. But just a thought anyways as it will make it much prettier and informative for each post. The site is very new so I bet they might be doing lots of improvments later on. (like replacing default wp blogroll list with related myanmar ebook site links etc)
It’s a good thing they have “Help” page explaining how to use Megaupload and also provided the login info. Very thoughtful indeed. Note: Once you click on the category link, it will direct you to a page with all entries for that particular category/author. Download links are disabled there and you have to click post title to get to proper page with enabled download link. So, don’t think that the downloads are unavailable, just click around and you’re set to go. Visit the site: Myanmar Ebooks
Oh check out the “Credits” page write up. I find it quite amusing especially the last sentence. Becareful, you might twist and tangle your tongue as I did. Let me count how many “mm-ebooks” word they used in that one paragraph……..they need one more “mm-ebook” word to have 10 in total so how about adding “Thank you, mm-ebook admin” in the end as the closing paragraph. hehe that should make it total of 10.
ဒီဘလော့မှာ ရှိသော မြန်မာအီးဘုတ်(ခ်)များမှာ အင်တာနက်ထဲမှာ ရှာဖွေပြီး ဒေါင်းလုပ် လုပ်ကာ ပြန်လည်တင်ထားခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အများစုမှာကတော့ ချယ်ရီသစ္စာမှ ဖြစ်ပါတယ်။ တစ်ချို့မှာ မြန်မာပြည်သားမှ ဖြစ်ပါတယ်။ တစ်ချို့ တစ်ချို့တွေကတော့ ဖိုရမ်များ နှင့် သူငယ်ချင်းများ ဆီမှ ရထားခြင်း ဖြစ်ပါတယ်။ တစ်ချို့တွေကတော့ ဘယ်ဆီကရသည်မှန်း မမှတ်မိတော့ပါ။ မြန်မာအီးဘုတ်(ခ်)ဘလော့သို့ မြန်မာအီးဘုတ်(ခ်)များ၊ မြန်မာအီးဘုတ်(ခ်)လင့်များ ပေးပို့ခဲ့လျှင် ပေးပို့သူများ အမည်ကို ဖော်ပြပေးစေလိုပါက ပို့(စ်)၏အောက်တွင် ဖော်ပြပေးပါမည်။ အကယ်၍ အမည်မဖော်ပြပေးစေလိုပါက ဖော်ပြမည်မဟုတ်ပါ။
မည်သို့ပင်ဖြစ်စေ မြန်မာအီးဘုတ်(ခ်)ရရှိခဲ့သော ဆိုက်များ ၊ ဖိုရမ်များ ၊ သူငယ်ချင်းများ နှင့် မြန်မာအီးဘုတ်(ခ်)ဘလော့သို့ မြန်မာအီးဘုတ်(ခ်)များ၊ မြန်မာအီးဘုတ်(ခ်)လင့်များ ပေးပို့သူများ အားလုံးကို မြန်မာအီးဘုတ်(ခ်)ဘလော့မှ အထူးကျေးဇူးတင်ရှိပါသည်။
Check out the parent site ie. www.mmblogs.net too. I think they’re using WordPress MU and providing free blog service on my favorite wp platform which is very cool indeed. They got a good write up on what their site is all about and some rules and regulations. The only thing I don’t see that they should have is the network user links. Should provide the links of all those blogs that using their service. It’ll be good to see how people make use of their service don’t ya think so?
Anyways really appreciate the good effort from both sites. Do visit and check them out, I bet you’ll enjoy it. Just spreading the word with Link Love.
11 May
ကဗျာအစပိုင်လေးကို ဖတ်ဖတ်ချင်းပဲ တော်တော်ကြိုက်သွားတယ်။ မေ တွေအများကြီးပါလို့။ ကိုယ့်ကိုစောင်းရေးထားတယ်လို့ သဘောထားပြီး ဖတ်လိုက်တာ၊ ကဗျာအလယ်ပိုဒ်လောက်ရောက်မှ တော်တော်လေး အဓိပ္ပါယ်ရှိတာပဲလို့ တွေးမိတယ်။ အဆုံးထိလဲဖတ်ပြီးရော အရမ်းကြိုက်သွားတာနဲ့ ဒီမှာ ထပ်ဆင့်ဝေမျှလိုက်တာပါ။ အနုပညာသမား တစ်ယောက်ရဲ့ ထာဝရရှင်သန်နေတဲ့၊ ဘယ်တော့မှ မညှိုးနွမ်းမယ့်၊ စာပေအနုပညာ ပန်းတစ်ပွင့် အကြောင်းရေးသားဖော်နှုန်းထားခြင်းပဲလို့ သဘောပေါက်လိုက်မိပါတယ်။
အလင်္ကာရှင်၏ ချိုမြသော ရင်ခုန်သံများ
မေ…
ချိုဝေကြည်ရွှန်း
လှလွန်းတဲ့ သူမ
တစ်ခါက
မေ့မရ
ဖျောက်မရ
စိတ္တဇရင်ထဲ
စွဲငြိခံစာဖူးတယ်…ခေတ်ဆန်တဲ့…မေ
အသစ်ဟန်ဖွဲ့…မေ
ချစ်စရာသဏ္ဌာန်နဲ့…မေ
မေ…
မေ…
မေ…
လှပတဲ့ မေ
ကြွရွတဲ့ မေ
ယုယတဲ့ မေ
အနုသယနဲ့ မေ
မေဆိုတဲ့ ပန်းတစ်ပွင့်
မွှေးလွင့်ဖွေးဥ
စာအနုဝင်္ကပါတွင်
လေနုအေးက နော့ဆဲကို…သမိုင်းတစ်ခေတ်မှာ
အရိုင်းမဖြစ်ဖို့
ပိုင်းဆစ်ကျော်ကြား
အနုပညာသမား
ပြည်သူ့ကြားက ကြယ်ပွင့်
လူသားတချို့ရဲ့
စစ်မှန်တဲ့ ရုပ်ပုံလွှာ
အာရုံခံစား
နှလုံးသားပုံရိပ်
စကားလုံးနုရွသစ်
အားမာန်ဖြစ်စေတဲ့
ပျိုမျစ်တဲ့ အတွေး
တက်ကြွတဲ့ အရေး
ထက်မြတဲ့ အသွေး
ဆေးပန်းချီခြယ်သ
ဘဝ ဤဇာတ်ခုံ
ရင်ခုန်သံ မြန်နေဆဲပါ…။ကြာပန်းရေစင်
ကြည်လင်ချမ်းမြ
ဂန္ထဝင်တာရာ
အလင်္ကာတစ်ခေတ်
စာပေသစ်မှာ
ပျိုမျစ်အလင်းရောင်
သူ ဦးဆောင်ခဲ့
ထွန်းပြောင်ရွှန်းပြက် တလက်လက်။ဧရာဝတီ…
ယန်စီ…
ဗောလဂါ…
နေရာအနှံ့
ခြေဆန့်ခရီး
ဖတ်မညည်းဘူး
ဆိပ်ဖလူးနံ့
မွှေးရှင်းသန့်ကာ
သင်းပျံ့ပန်းမုံသစ်
ဖူးဖူးမြမြ ဖြစ်ခဲ့ရသည်
တို့ခေတ်ကို ရောက်ရမည် မလွဲပါ…။ပန်းနုရောင်အို
ရွေ့လျားဖိုလှိုက်
နုပျိုအလင်္ကာ
ရုပ်ပုံလွှာ ပန်းချီကားတစ်ချပ်
အယ်ဒီတာစားပွဲ
ရင်ထဲလှုပ်ခါ
ကတ္တီပါကားလိပ်
စွမ်းအားထက်ရှ
လွမ်းမြ ကျွန်းစ
ရွှန်းပ သွန်းလှ
ဂီတ စောင်းကြိုး
လှုပ်နှိုးတီးမြည်
ချိုကြည်လဲ့ရွှန်း
လွမ်းဆွတ်တောင်ပံ
ဝေးလွင့်ပျံဝဲ
ကာရံမြစ်မင်း
တို့ရင်တွင်း
စီးဆင်းဝေလျက် သံချိုညင်း။အတွေးခက်ဝေဖြာ
ဆေးစက်ကျရာ
အနုပညာမြေ
လိပ်ပြာတောင်ပံ
စုတ်တံ ပန်းချီကား
နှလုံးသားမှာ
ခံစားထိရှ
အရောင်ကဗျာ
ကာလာ မိုးနေး
ရက်ရှက်သွေးကြွ
ရေးခြယ်ကောက်ခြစ်
နေခြည်သစ်မြ
လေပြည်ပွင့်စ
ရွှေရည်ဖွင့်ဟ
အလင်းအမှောင်
ရောင်စုံလှုပ်ရှား
ပန်ချီကား
တစ်ကားပြီး တစ်ကား
ရွေ့လျား ဖြတ်သန်း
မြရိပ်လမ်းမှာ
ကဗျာအမွေ
အလင်္ကာတွေကို
ကြဲဝေဖြန့်ခင်း
သဇင်သင်းခဲ့ပြန်ပြီပေါ့…။ကြော်…ဆည်းဆာညိုလည်း
ဆရာမအို
ကဗျာပျိုမျစ်
စာတွေသစ်ဆဲ
ချစ်သောအနုပညာ
အလင်္ကာ ဆရာ
အို…တာရာ
ကြည်ပြာဝင်းလက်
ထက်မြက်စူးရဲ
တို့ရင်ထဲမှာ
ဆည်းလည်းသံသာ
ငြိမ်းအေးပါသို့
ထာဝရလင်းလက်
ရွှန်းပြက်ဝေဝေ သစ်နေဆဲပါတည့်။ ။(အလင်္ကာဆရာ ဒဂုန်တာရာ၏ ၈၈ နှစ် မွေးနေ့အမှတ်တရ)
ရိုးဝေးထက်
မဟေသီ မဂ္ဂဇင်း မေ ၂၀၀၇
A translation by Dr. Maung Maung Nyo.
Excellence in Arts (Alinka)
(In praise of Dagon taryar)“May” is the famous novel of Dagon Taryar
It evokes a sweet smiling lady in the readers
No one can ever forgets her
Once you have read and devour her treasures.“May” is modern, stylish and new
She is pretty, intelligent and shrewd
She is kind, caring daring and true
She is a real flower where honour is due
Where “The soft silky cool breeze blew”.Artists should not be villains in history
They are stars in the public gallery
Dagon Taryar is the star of stars in literati
He wrote ‘Yoke Pon Hlwar”, a book of biographies
Of real prominent men in Burmese hierachy
For all to remember till eternity.Dagon Taryar is a lotus in clean water
He is a leader and preacher for other writers
He publishes the “Taryar” magazine to foster
New poetry, prose, essay and whatsoever
So that a new epoch is set up in Burmese literature
He is indeed a brilliant leader in this endevour.He had wandered over Irrawaddy, Yang-tse and Volga
He had really travelled far and wide ever
He never grumbles or groans for any hardships
Yet he was thrown into prison by Myanma socialists
He did not give in and lives
He writes the historic novel for all to relish
It’s ” Our day will come”, no one to miss.Dagon taryar is an all round artiste
He is deft at play acting and music
He plays piano, harp and own lips
It’s sweet, melodious and artistic
Evoking pleasure that is nostalgic
As words flow from his pen rhymes so splendic.He is very imaginative
Whatever he touches is creative
It’s art at high spirit
His thinkings are witch butterflies
He paints whatever is in his mind
By words, paints, brushes and dyes
All are pleasing to eye.He had shown light and darknes
Black and white to redress
He has bequeathed his arts earnestly
To benefit us repeatedly
In print, picture, sound and Ceedees
His fame will reach far and wide till eternity.He is in his twilight stage
Yet, he does not seem to age
His writings still speak of a sage
His poems young, fresh and vibrant made
He is a master of art usage
To persuade people to strive for a golden age.Oh, Saya Dagon Taryar
You are a real star
Master of arts and literature
Your creations are bright and brilliant ever
Sharp and shining with ardour
You reside in the hearts of all art lovers
Churning out peace, pleasure and power
We’re ever grateful for your creativity and charity (cetana).In honour of Dagon Taryar’s 88th Birthday on 11th May 2007
Yoe Way Htet (2007,in Ma-Hay-Thi magazine, May 2007 issue)
Translation by Dr Maung Maung Nyo (5.5.2007)
9 Apr
ဒီအပတ် ဖွေး ဆီက သီချင်းနှစ်ပုဒ်နဲ့ ကျမရဲ့ သီချင်းနှစ်ပုဒ် တင်ပေးလိုက်ပါတယ်ရှင်။
ဖွေးရဲ့ ပထမတပုဒ်က ယုဇနဆိုထားတဲ့ “ငယ်ငယ်တုန်းကထက်ပိုချစ်တယ်” ဆိုတဲ့ ခပ်မြူးမြူးသီချင်းလေးတပုဒ်ပါ။ ဖွေးအသံနဲ့ ဒီလိုမြူးမြူးကြွကြွ သီချင်းလေးတွေနဲ့ အရမ်းလိုက်တယ်လို့ ကျမတော့ထင်တာပဲ။
ပြောင်လဲမသွားတော့မဲ့ အချစ်နဲ့
ဟောင်းနွမ်းမသွားတော့မဲ့ အချစ်နဲ့
မအိုမင်းတော့မဲ့ အချစ်နဲ့
ငယ်ငယ်တုန်းကထက်ပိုချစ်တယ်။
[ MP3 ] Phwe – Nge Nge Tone Ka Htet Po Chit Tal
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
ဒီ “အလွမ်းနေ့ရက်ရှည်” သီချင်းကို မေစပယ်ညိုကဆိုထားတာပါ။ မေစပယ်ညို အသံက ကျမအတွက်တော့ တော်တော်နိမ့်လို မနဲလိုက်ဆိုရတာတောင် ဟိုပြတ်ဒီပြတ်နဲ့ ဘယ်လိုဆိုရမှန်းမသိတာကို၊ ဖွေးက အေးအေးဆေးဆေးလေး ကြည်လင်ပြတ်သားတဲ့ သူ့အသံလေးနဲ့ လွယ်လွယ်လေးဆိုသွားတာကို နားသောတဆင်ကြည့်ကြပါဦးရှင်။
Oh Love…ရှင်သန်ရာ ဘဝလေးမှာ မင်းအချစ်နဲ့ ဝေးရင်လေ
အရာရာဟာလေ တကယ်ကိုအသက်မဲ့သွား…
Oh Love…နှလုံးသားလေးဟာ သေဆုံးချိန်မှာ
အဓိပ္ပါယ်မဲ့ ကိုယ်ရဲ့အလွမ်းနေ့ရက်ရှည်များ…
[ MP3 ] Phwe – A Lwan Nay Yat Shay
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
ဒီသီချင်းက အလွမ်းသီချင်းလဲဖြစ်၊ key ကလဲနိမ့်၊ မဆိုကလဲမဆိုတတ်၊ မေစပယ်ညိုအသံကိုနားထောင်ပြီး သူ့လို ဖီးလ်တွေ အီးတွေ ထည့်ဆိုလိုက်တာ ဖီးလ်အသွင်းများသွားလို့ အသံကိုထွက်မလာတော့တဲ့ ကျမရဲ ဗားရှင်းလေးကိုလဲ နားဒုက္ခဆင်နိုင်ကြောင်းပါရှင်။
[ MP3 ] May – A Lwan Nay Yat Shay
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
မေစပယ်ညို အသံကိုဆိုလို့မရမှန်းသိရက်နဲ့ ကျမအရူးမ နောက်တပုဒ်ထက်ဆိုလိုက်ပါသေးတယ်ရှင်။ စာသားလေးကိုခံစားလိုက်ရလို့ပါ။ သီချင်းလေးက “အချစ်ဆိုတာ” ပါတဲ့ရှင်။
ငယ်စဉ်ခါ အချစ်ဆိုတာကို နားမလည်ပါ
အဓိပ္ပါယ်အဖြေရှာမရခဲ့ပါ
ရယူပိုင်ဆိုင်ခြင်းပဲလို့ ရင်ထဲဆွဲမြဲမှတ်ယူထားတကယ်ဆိုရင် အချစ်ဆိုတာ အိပ်မက်ပမာ
အမြဲလို ကာရံများမသေချာ၊ ရယူချင်လဲပေးဆပ်လို့
တို့အဝေးဆုံးက လွမ်းနေမှာ
ဒီလိုအချိန်ကျမှ ရင်မှာခံစားရ
[ MP3 ] May – A Chit So Der
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
ဒီအပတ်တော့ ဒီမျှပါပဲရှင်။ 7ven အဖွဲ့က ကျေးဇူးတင်ကြောင်းပါရှင်။
10 Mar
“The word ‘politics‘ is derived from the word ‘poly‘, meaning ‘many‘, and the word ‘ticks‘, meaning ‘blood sucking parasites‘.” -Larry Hardiman
“In democracy it’s your vote that counts; In feudalism it’s your count that votes.” -Mogens Jallberg
“Get all the fools on your side and you can be elected to anything.”-Frank Dane
Via: Quotation Pages