mayvelous

Me, Myself and Mayvelous

Archive for the ‘Poems’ Category

မာန မျဉ်းပြိုင်များ

မင်းနဲ့ငါ အယူအဆတွေ ကွာခြားလို့၊ အတ္တ နဲ့ မာနများ ကြားမှာ
စုန်ကာ ဆန်ကာ၊ လူးလာ ကူးခပ်။
မြုပ်လုမြုပ်ဆဲ အကြပ်မိနေတဲ့၊ နှလုံးသား တစ်စုံကတော့
အော်ငြီးလှပါပြီ။

တိတ်ဆိတ်ခြင်းရဲ့ နောက်ကွယ်က၊ ရုန်းထွက်ခွင့်တောင်းနေတဲ့
စကားလုံးများစွာကို၊ ငါတို့ မာန မျဉ်းပြိုင်များနဲ့၊
သူနိုင် ကိုယ်နိုင်၊ အပြိုင်စည်းတားရင်း၊ ရေစုန်မျှော လိုက်ကြတယ်။

နေ့သစ် တစ်ခုရဲ့ မနက်ခင်းမှာ၊ အတ္တ နဲ့ မာနများ ကင်းပြီး
အဖြူရောင် နှလုံးသား တစ်စုံနဲ့
အသစ် ပြန်စခွင့် ရခဲ့ရင်တော့ …

Weekly Poem: Thu Sakar Myar

သူ့ စကားများ

သူကပြောတယ်…
ပန်းကလေးတွေ ကိုမြတ်နိုးလား တဲ့
လေအဝွှေ့မှာ သိမ်မွှေ့လှတဲ့၊ သူတို့ဟန်လေးတွေကို သူသင်ပေးမယ် တဲ့။

သူကပြောတယ်…
အမှတ်တမဲ့လေးတွေကို တန်ဖိုးထားမလား တဲ့
အဖိုးမဖြတ်နိုင်တဲ့ အမှတ်တမဲ့ အချိန် (အပြုအမူ) လေးတွေ လိုက်ဖမ်းကြည့်ပါ တဲ့။

သူကပြောတယ်…
တိတ်ဆိတ်ခြင်းရဲ့ သံစဉ်တွေကို ခံစားတတ်လား တဲ့
မဟူရာ ညဥ့်ဦးယံရဲ့ အလှတရားတွေကို၊ တစ်ညလောက်စောင့်ကြည့်ပေးပါ တဲ့။

သူကပြောတယ်…
ကဗျာတပုဒ် စာဖွဲ့တတ်ပြီလား တဲ့
နှလုံးသားရဲ့ ကာရံလေးတွေကို ချရေးကြည့်ပါတဲ့။

သူကပြောတယ်…
သံယောဇဉ်ကျိုး ဘယ်လောက်မြဲသလဲ တဲ့
ချည်တစ်ခင် ပေးပြီး၊ သူ့အတွက် ခိုင်ခိုင်လေး ယက်လုပ်ပေးပါ တဲ့။

သူကပြောတယ်…
ကိုယ် အဝေးသွားရင်၊ သတိရနေမလား တဲ့
သူကျေနပ်အောင်၊ ခေါင်းတစ်ချက်တော့ ညှမ့်ပြပေးပါ တဲ့။

သူကပြောတယ်…

ကျမလေ…
သွဲ့သွဲ့လေး ယိမ်းတိုက်နေကြတဲ့၊ ပန်းကလေးတွေ ကိုမြတ်နိုးလာတယ်
ဖြတ်ကနဲ အမှတ်တမဲ့လေးတွေကို၊ မှတ်မှတ်ရရလိုက်စုနေတတ်ပြီ။

ကျမလေ…
အိပ်မောကျစ ညတစ်ညရဲ့ ဆိတ်ငြိမ်ခြင်းကိုအလေးအနက်ပြုတတ်လာပြီ
ကဗျာမကျ စာမကျ သံစဉ်ထူလပွနဲ့၊ ခံစားချက်တချို့ကိုလဲ ဟိုရေးဒီရေး၊ ရေးတတ်နေပြီ။

ကျမလေ…
သံယောဇဉ် ဆိုတဲ့ အခိုင်မြဲဆုံး၊ အဖြူရောင် ကြိုးလေးတစ်ချောင်းကို လဲ၊
အောင်မြင်စွာ ယက်လုပ်ပြီးစီးသွား ပါပြီ။

ကျမလေ…
အဝေးရောက်သွားတဲ့ သူ့ကိုလဲ
တမ်းတမ်း တတ၊ သတိရတတ်ပါပြီ။

ကျမလေ…
ကျမ သတိရနေပါတယ် … သူ။

mayvelous (2nd Oct 06 – 12:37am)

What is it you want?

I felt bad, I didn’t participated in last week poem tagging. It’s not because I didn’t write a poem, as a matter of fact I wrote one. It’s cos’ my poem was so stupid that I felt too lame/shame to post it. My very first reviewers say it all (bro, mom).
Anyway I’ll keep that poem to myself and as a replacement, I came across this one. Kinda nice…hey it’s not poem but very much like a poem.

You can download the music here: “What Is It You Wanted?”

What was it you wanted
I ain’t keepin’ score
Are you the same person
That was here before?
Is it something important?
Maybe not.
What was it you wanted?
Tell me again I forgot.

Whatever you wanted
What could it be
Did somebody tell you
That you could get it from me,
Is it something that comes natural
Is it easy to say,
Why do you want it,
Who are you anyway?

Is the scenery changing,
Am I getting it wrong,
Is the whole thing going backwards,
Are they playing our song?
Where were you when it started
Do you want it for free
What was it you wanted
Are you talking to me?

Via: Desperately Wandering

I’ll try again this week.

  • Comments Off
  • Filed under: Bloggers, Lyrics, Music and Songs, Poems
  • Dying Inspirations

    It’s all because of Ma Moe and her ideas. :P
    I’ll try my best to follow along. I’ll write Burmese and English or mix verses every week.
    I’m no poet nor I a writer, so bear with me.

    Dying Inspirations

    Other day Ma Moe said,
    For me to write a poem every night,
    I said, “Oh ma, how can I!”,
    “For I, not know a poem”.
    She said “May you Do or Die”,
    “Cos’ I can glare from a thousand miles”.

    I begged and dragged and made a bribe,
    To write a poem every forth-night.
    We settled with our scores,
    To have it on weekly chores,

    So I scratch and scrub and start to track,
    To see how my smart arse progress.
    Then my bro came and said,
    Are you crazy, what a crap,
    That doesn’t make a single sense.

    I said, “What you! Don’t be a slime,”
    “Give yourself a simple try, to make it a better rhyme.”
    But I know he doesn’t care,
    He thinks poems are dull as squares.

    So here on Mayvelous I shall scream,
    To regain my dying inspirations.
    And I stare, glare, flair and share the rhythm,
    With a little tag for Sarnil and Jason.

    Tagging You: Criers, 99Sanay, CMS, N3, Sarnil, Jason

    No nah nah not me! Ma Moe started it!!! :D

    Nin Har

    ခေါင်းထဲတွင် နောက်ကျီ့နေ၏၊
    ဘေးတဖက်တချပ် နားထင်စပ်က တစစ်စစ်၊
    တနေကုန် အလုပ်များခဲ့ရသော မျက်လုံးများက၊ မျက်ကြောအစုံကို၊ ခြေစုန်ကန် ဆန္ဒပြနေပြီ။
    စူးရှမှူကင်းမဲ့တဲ့ မှိန်တိန်တိန်မျက်လုံးများ၊ ညိုနက်နက်ကြီးထွားလာတဲ့ မျက်ကွင်းဟောက်တောက်များ၊
    အထိုင်များပြီး လှူပ်ရှားမှူ့ကင်းမဲ့လှတဲ့၊ အရိုးအဆစ်များရဲ့ အော်ညီးသံတွေကလဲ မနဲတော့။

    လျှပ်စစ်ဓာတ်များ တသွင်သွင်စီးစင်းပြီး၊ အရောင်တဖြတ်ဖြတ်တောက်နေတဲ့ မှန်သားပြင်တချပ်ကို၊ စက်စုပ် မုန်တီးစွာ တချက်ကြည့်ရင်း၊ တောက်တချက်ခေါက်ကာ၊ အော်ဟစ်ကြိမ်မောင်းလိုက်၏။

    နင်ဟာ ငါ့မျက်လုံးတွေကို မညှာမတာ အနိုင်ကျင့်တယ်၊
    နင်ဟာ ငါ့လက်ချောင်းတွေကို အနားမပေးပဲ၊ နာကျင်အောင်လုပ်တယ်၊
    နင်ဟာ ငါ့ရှေ့မှာ အချိန်ပြည့် နေရာယူပြီး၊ နင့်ကိုပဲ ဦးစားပေး အရေးထားခိုင်းတယ်၊
    နင်ဟာ ငါ့ခေါင်းထဲကို အပိုင်စီးဝင်ပြီး အမြဲတစေရှိနေစေခဲ့တယ်၊
    နင်ဟာ
    ငါ့ရဲ့ ကိုယ်ပိုင်အချိန်တွေ၊
    ငါ့ရဲ့ လွတ်လပ်ခွင့်တွေ၊
    ငါ့ရဲ့ အသိဥာဏ်တွေ၊
    ငါ့ရဲ့ စွမ်ဆောင်နိုင်အားတွေ၊
    ငါ့ရဲ့ ခံစားချက်တွေ၊
    ငါ့ရဲ့ ရပိုင်ခွင့်တွေ၊
    အားလုံး၊ အားလုံးကို နင်အပိုင်သိမ်းသွားတယ်။ နင့်ရှေ့မှာပေးစပ်လိုက်ရတယ်။
    နင်ဟာ ငါအရွံဆုံး၊ ငါအကြောက်ဆုံး မျှော့တစ်ကောင် ထက်အဆပေါင်းများစွာ ပိုဆိုးတယ်။
    သူများသွေးသောက် အသက်ရှင်နေတဲ့ မျှော့လိုပဲ၊
    နင်ဟာ ငါ့ဦးနောက်တွေ၊ ငါ့အသွေးအသားတွေ၊ ငါ့အာရုံတွေ၊ ငါ့အကုန်လုံး ဖောက်စားပြီး၊
    အသက်ရှင်နေတဲ့ ပြိတ္တာတစ်ကောင်ပဲ။
    ငါဟာ တနေ့တနေ့ နင်နဲ့ပဲ အချိန်ကုန်နေရတယ်။
    နင်ကိုအကြိမ်ကြိမ် ငါသတ်ပြစ်ဖို့ ကြိုးစားခဲ့တယ်။
    နင့်ရဲ့ သြဇာအာဏာတွေကို ငါတော်လှန်လို့ လုံးဝမရခဲ့ဘူး၊
    မရအောင်လဲ နင်ငါ့ကို ကြိမ်းဝါးထားသေးတယ်။
    နင်ဟာ ငါ့အသက်ပဲ၊
    နင်ဟာ ငါ့ဝိဥာည်ပဲ၊
    နင်ဟာ ငါ့ရဲ့ဖန်ဆင်းရှင်ပဲ၊
    နင်ဟာ ငါ့ရဲ့အနာဂတ်ပဲ တဲ့။
    နင်သေဆုံးတဲ့နေ့ဟာ ငါကံကုန်မယ့်နေ့ပဲ တဲ့။
    မတရားဘူး၊ နင်လုံးဝ မတရားဘူး။
    နင့်ကို ကော်ဆဲထားတဲ့ ဒီစာကိုတောင်၊ နင့်ရှေ့မှာ ခခယယ ခွင့်ပြုချက်ရယူပြီး ရိုက်နေရပါလား။
    ငါဘယ်လိုပြေးပြေး နင်နဲ့ မလွတ်နိုင်တဲ့ ဘဝပါလား။
    နင့်လို နှလုံးသားမဲ့၊ အသိဥာဏ်မဲ့၊ ခံစားချက်ကင်းမဲ့ပြီး အတ္တကြီးတဲ့ မိစ္ဆာကောင်က၊ ငါ့အပေါ်မှာ လက်ဝါးကြီးအုပ် အနိုင်ယူထားတာ၊ ငါရင်နာလို့ မဆုံးဘူး။

    ငါဒီလောက် အော်ဟစ်နေတာကို နင်ကမထုံတတ်တေး၊ အသိအမှတ်မပြု၊ ခပ်တည်တည်နဲ့ ငုတ်တုတ်ထိုင်နေတယ်။
    ငါမခံနိုင်တော့တဲ့ အဆုံး၊ နင့်ကို အဖုံးဆွဲပိတ်ပြီး၊ အိတ်ထဲ ခပ်ကြမ်းကြမ်းဆွဲထည့်လိုက်တယ်။
    ကဲကွာ၊ နင်ဘာလုပ်နိုင်သေးလဲ၊ ဒီလောက်တော့ ငါမှာလုပ်ပိုင်ခွင့်ရှိတယ်၊ ဟင်း။

    ရှုတ်ထွေးပူလောင်နေတဲ့ စိတ်အစဉ်ကို၊ ခပ်တိုးတိုး ဆွေးဆွေးမြေ့မြေ့သီဆိုထားတဲ့၊ အလွမ်းသီချင်းတစ်ပုဒ်နဲ အရည်ဖျော်ပြစ်လိုက်၏။ နင့်ရဲ့ နှိပ်စက်မှူဒဏ်ကို မနက်ဖန်များမှာ ဆက်ခံဖို့၊ ခံနိုင်ရည်ရှိဖို့အတွက် ငါဒီည အိပ်စက်အနားယူု၊ အားမွေးရဦးမယ်။
    ဒါသည်လည်း နင့်ရဲ့ အမိန့်ချမှတ်ချက် တစ်ခုကို ငါနာခံလိုက်ခြင်း မဟုတ်ပါလား။

    Dar TaChoung Hnint Arluu

    ကျမ အမေက သူသွင်ပေးနေကြ အာလူးကို ဒီနေ့မှ ကျမအား အမြင်ကပ် ဆန္ဒပြပြီး ကိုယ်ဟာကိုယ် သွင်ခိုင်းလိုက် သဇြင့်၊ ဗိုက်ကဆာဆာ၊ စိတ်ကတိုတိုဖြင့် အာလူးသွင်ရင်း ထွက်ပေါ် လာသော အတွေးအပိုင်းအစလေးများကို ချရေးလိုက်ခြင်း ဖြစ်ပါသည်။

    အေးစက် မာကြောပြီး၊ အရောင်ကင်းမဲ့လှတဲ့၊ ကျမရဲ့ လက်ချောင်းများဟာ…

    • ကီးဘုတ်တစ်ခုပေါ်မှာ သွက်လက်လျင်မြန်စွာ
      ပြေးလွှား ဆော့ကစား တတ်တယ်
    • စာရွက်သားဖြူ တစ်ခုပေါ်မှာ၊ ညီညာဝိုင်းစက်တဲ့
      အက္ခရာများကို ခဲသားများနဲ့၊ ရေးခြစ်တတ်တယ်
    • စုတ်တံတစ်ချောင်းကို ကျင်လည်စွာ ဝွှေ့ရမ်းပြီး
      ရုပ်လုံးပေါ်အောင် ဆေးသားများနဲ့ ခြယ်မှူန်းအသက်သွင်းတတ်တယ်
    • သိုးမွှေးချည်ခင်ကို အပ်တစ်ချောင်းနှင့်
      ဒီဇိုင်းအမျိုးမျိုး ဖော်တတ်တယ်
    • ဆယ်ချောင်းသော လက်အဆုံကို၊ စည်းချက်ညီစွာ
      အကွက်ကျကျ ယိမ်းနွဲ့ပြီး ကကွက်တစ်ခု ဖန်တီးတတ်တယ်
    • ဘတ်တံတစ်ချောင်းကို အနိမ့်အမြင့်၊ အတိုးအချ လိုအပ်သလို အားသုံးပြီး
      ကြက်တောင်တစ်လုံး တဖတ်ကွင်းထဲ ကျအောင် ရိုက်တတ်တယ်
    • လက်စစ်များကိုကွေးပြီး ဂျစ်ကန်ကန်လုပ်တတ်သော ညီမရဲ့ခေါင်းကို
      ဒေါက်ကနဲ မြည်အောင်ခေါက်တတ်တယ်
    • အလွန်အစသန်သော မောင်ကို၊ ကျစ်ကျစ်ဆုပ်ထားတဲ့
      လက်ချောင်းများနဲ့ ထိုးနှက်ကုတ်ခြစ်တတ်တယ်
    • ကျမအမြင်ကပ်အောင် လုပ်သောသူများကို၊ ကျမရဲ့လက်များက
      တွေ့ရာတုတ်တစ်ချောင်းကို ကောက်၍သော်၎င်း
      လက်ချီးသက်သက် သော်၎င်း
      လှည့်ရိုက်ရန် ဝန်လေးလေ့ မရှိခဲ့

    ဤမျှ အသုံးဝင်လှသော ကျမ၏ လက်များသည်
    ဓါးတစ်ချောင်း၊ အာလူးတစ်လုံးနှင့် တွေ့မိသော အခါ…

    ဓါးတစ်ချောင်း နှင့် အာလူး

    ဓါးတစ်ချောင်းကိုင် ဆရာမနိုင်
    ပွက်ပွက်ညံအောင်ဆိုးလှ၏။

    အာလူးတစ်လုံးသွင် ရပ်ကွက်တွင်
    ပြဲပြဲစင်အောင် ကြားရ၏။

    အရပ်ကူပါ လူဝိုင်းပါ
    အမေလာ လှည်ပါ တဆာဆာ။
    အဖြစ်ကြီးက ကြီးသနော်၊
    မောင်သာမိရဲ့ ကြီးတော်။

    (Ok I don’t know where that come from.)

    တစ်လုံးနွှာ တစ်နာရီ၊ လုပ်ပါအုံး ကုန်ပြီ
    အသားထွင်သလား၊ အခွံနွှာတာလား

    လက်ကတုန်ရင်၊ ဓါးစုတ်က မလှူပ်ချင်
    အခွံနာက မထွက်၊ ပြတ်တာက ငါ့လက်။

    ဖွတ်မရ၊ ဓါးဆုံး၊ ငါ့အာလူးတစ်လုံး
    ပြုတ်လို့ ထုထောင်းပြီး၊
    ငပိထောင်း လုပ်ခဲ့၏ ။ ။

    French Fries လုပ်ဖို ကြိုးစားနေဆဲ ကျမဘဝလေးပါ။

    Min Thi Lar + Nwar

    အိမ်မက်ပေါ်မှ ကျမရဲ့ ကဗျာများ (သို့) အဆုံးအစ မရှိ အူကြောင်ကြောင်နဲ ကဗျာလို့ အမည်တပ်ခံလိုက်ရတဲ့ အပိုင်းအစလေးများပါ။
    အရမ်းကွာခြားတဲ့ ခံစားချက် နှစ်မျိုးကို သရုပ်ဖော်ထားခြင်း ဖြစ်ပါသည်။ မည်သူ့ကိုမျှ မရည်ရွယ်ပါ။

    Min Thi Lar - Mayvelous Poemမင်းသိလား

    စွဲလမ်းခြင်းဆိုတာ…
    ဟစ်အော်လို့ လှစ်ဖေါ်ကြတာ ရှိသလို
    နင့်နေအောင် ရင်ထဲအပြည့်
    တိတ်တဆိတ် မျိုသိပ်ပြီး
    ဆိတ်ဆိတ်ကလေး လွမ်းနေကြတာလဲ
    အများသားပေါ့။

    လူဆိုတာ အခက်သား
    မပြောဘဲ ဘယ်သိမလဲတဲ့၊
    ခံစားမှု တစုံတရာကို
    တရားသဘင်မှာ စကားပလ္လင်ခံပြီး
    ပြောရမှာလား ရှင်ရယ်…

    တိတ်တဆိတ် မင်းအပြုံးတွေ
    ကြိတ်ကြည့်တတ်သူ တယောက်ကို
    မင်းတနေ့ ဖမ်းမိခဲ့ရင်တော့
    ရင်ထဲက မပြောဖြစ်တဲ့ စကားတွေကို
    မင်းတချက်လောက်တော့ ရိပ်မိမှာပါ
    တပွေ့တပိုက် မေတ္တာတွေနဲ့
    တိတ်တိတ်ကလေး ပြုံးနေသူကို
    မင်းတနေ့တော့ ဂရုစိုက်မိမှာပါ ကွာ…

    မေဗလပ်(စ်)
    mayvelous
    20 June 06 – 11:48pm

    Nwar - Mayvelous Poem
    နွား

    လျှပ်တပြက်၊ ဝက်ဝက်ချွေဆင်း
    ငါ့ ရင်တွင်း

    ရက်ရက် စက်စက်၊ သက်သက် ချိုးသွား
    ငါ့ မာနများ

    သတင်းစကား၊ အမှောက်အမှားလား
    သောက်စားပြီး၊ ဖောက်ပြားသလား
    ငါ ပေါက်ကွဲသွား

    ဒါ ယောင်္ကျား လား
    ဒါ ယောင်္ကျား လား
    ငါ ငိုနေမယ် မင်းထင်သလား
    ဟား

    သွား
    သွား
    နွား
    ထွီ ။ ။

    မေဗလပ်(စ်)
    Mayvelous
    25 June 06 – 1:35pm

    Flickr Photos

    • Win's failed macarons and chocolate
      My Sis's failed attempt Macarons
      Max, May, Showey
      May & Showey
      devweb-programs
      blank document upload

    Downloads

    Twitter Status


    Goodie Links


    Mayvelous Friends


    FlashDen
    In-Links
    WidgetBucks
    AdBrite
    VideoHive
    Dreamhost

    I'm an Author for Global Voices

    Archives