Me, Myself and Mayvelous
24 Jul
Ok I’m way off! The first thing comes into my mind when I see this headline “How to use Google to get a date” was some kind of datetime function or calendar effect that google added as their new component.
How to use Google to get a date – By Robert Scoble on blogging
I was thinking what’s wrong with System.DateTime, what possibly a google date would display rather than today date or calender date or what??? Google.GetDate();?
Hmmm turns out the “date” here is not the programming date but actual date kind of date. Like:
Google.GetDate(“Gal”);
Google.GetDate(“Guy”);
Yah yah I’m way OFF!!!
23 Jul
ကျမတိှု့မြန်မာလူမျိုးမှာ အမည်နာမများဟာ အလွန်အရေးကြီးသော ကဏ္တကပါဝင်ပါတယ်။ မြန်မာတွေတင်မဟုတ်ပါဘူး၊ ဘယ်လူမျိုးမဆို နာမည်ကို တော်တော်လေး အလေးအနက်ထားကြပါတယ်။ လူသေသော်လဲ နာမည်မသေစေနဲ့ ဆိုတဲ့ဆိုရိုးအတိုင်း၊ လူတစ်ယောက်ရဲ့နာမည်ဟာ သူ့ဘဝအတွက်၊ သူ့အနာဂတ်အတွက်၊ သူ့သမိုင်းအတွက် အလွန်အရေးကြီးသော အရာဖြစ်တယ်လို့ ကျမယူဆပါတယ်။
လူတိုင်းမှာ ကိုယ့်မိဘကပေးတဲ့ နာမည်တစ်လုံးစီ ရှိကြစမြဲပါ။ တချို့က မိပေးဖပေး နာမည်ကို အသက်ကြီးမှ မကြိုက်လို့ပြောင်းတာတို့၊ တစုံတခုသောအကြောင်းကြောင့် ဥပမာ – ရုပ်ရှင်၊ အဆိုတော်၊ နာမည်ကြီး ဖြစ်ခြင်လို့ နာမည်လှလှပြောင်းတာတို့၊ အယူအဆ အစွဲအလမ်း များကြောင့်ပြောင်းတာတို့ စသည်ဖြင့် အများကြီးရှိပါတယ်။
ဒါတွေကိုကြည့်ခြင်းအားဖြင့် လူတွေဟာ သူတို့ဘဝလျှောက်လမ်း၊ သူတို့သမိုင်း အတွက် နာမည်ကောင်းတစ်လုံးဖြင့် ကမ္ဗည်းတင်လိုသောကြောင့်ဖြစ်ပါတယ်။
ထားပါတော့၊ အခုပြောလိုတာက ကျမနာမည်အကြောင်းပါ။ နာမည်ပေးတော်သော ကျမမိဘများရဲ့ကျေးဇူးကြောင့် နာမည်လှလှလေးတစ်လုံးကို ကျမပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။
ကျမ နာမည် မေနှင်းဖြူ ပါရှင်။ ကျမ နာမည်ဟာ မတိုလွန်း၊ မရှည်လွန်း၊ မရိုးလွန်း၊ မဆိုးလွန်းပဲ သိမ်မွေ့လှပတဲ့ နာမည်တစ်လုံးဖြစ်တယ်လို့ ကျမယူဆမိပါတယ်။
“မေ” သည် အမျိုးသမီးငယ် ဟုအဓိပ္ပါယ်ဆောင် ၍ မ၊ ခင်၊ အင်္ဂလိပ်တွင် မယ်ရီ စသည်တိုဖြင့်ုအဓိပ္ပါယ်တူပါသည်။
“နှင်း” သည် အေးမြ ဖြူစင် နုညံ့သော နှင်းပွင့်များကို ဖော်ကျူးထားခြင်းဖြစ် ပါသည်။
“ဖြူ” ကတော့ မွန်မြတ်သန့်စင်ခြင်း၊ ကြည်လင်သန့်ရှင်းခြင်း၊ ရိုးသားဖြူစင်ခြင်း စသည်တို့ဖြင့် အပြစ်ကင်းစွာလှပသော အဖြူရောင် ဟုသရုပ်ဖော်ပါသည်။
နှင်းပွင့်ကလေးလို ဖြူဖွေးသန့်စင်တဲ့ မိန်းကလေး လို့ဆိုလိုပါတယ်။
ဤမျှ သိမ်မွေ့လှသော ကျမ၏ နာမည်သည် လူတော်တော်များများအတွက် ခက်ခက်ခဲခဲပြောနေကြရသည်ကို ကျမအမြဲလိုလိုဂရုပြုမိပါတယ်။
- နာမည်ဘာလဲ မသိဘူး
- မေ ပါ၊ မေနှင်းဖြူလို့ခေါ်ပါတယ်။
- အာ…ဟုတ်ကဲ့၊ ဟိုဟာ…အစ်မ၊ ညီမ…အဲ…
- မစု လို့ခေါ်လို့ရပါတယ်၊ အိမ်မှာ မစုခေါ်ပါတယ်။
- အဟင်းဟင်း…ဟုတ်ကဲ့ မစု…အင်း မစုရေ…
ဒါလေးကတော့ ကျမနဲ့စကားပြောဖူးတဲ့ လူတိုင်းရဲ့ ပထမဆုံး impression ဖြစ်ပါတယ်။ ကျမကို မေ ဟုခေါ်သူများသည် နိုင်ငံခြားသားများသာ ဖြစ်ကြပြီး၊ တချို့သောကျမသူငယ်ချင်းများရဲ့ ခေါ်သံလေးများကတော့ … မေပု၊ လေးလုံး၊ ဖီဂျီသူ၊ ဂတုံးမ၊ မေမေ၊ ဖွားမေ၊ မိန်းမ၊ ဆိုင်ကလုံး၊ ဖီဂျီဆရာမ၊ ဟိုအမ စသည်တို့ဖြစ်ကြပါသည်။ တယောက်သော အွန်လိုင်း သူငယ်ချင်းတဦး ဆိုလျှင် ကျမနာမည်ကိုခေါ်ဖို့ ဝေးစွ၊ ကျမနှင့်ပြောတိုင်း မျက်မှန်ကြီးကြီးတပ်ထားသော ရုပ်ဆိုးဆိုး သွားခေါခေါ အိုင်ကွန်လေးကိုသာ ကျမနာမ်စားအဖြစ် အသုံးပြုလေ့ရှိပါသည်။
ကျမရဲ့ နာမည်ဟာ သူတို့အတွက် ခေါ်ဖို့တော်တော် ခက်ခဲလို့များလား၊ ဒါမှမဟုတ် ကျမနာမည်လှလှကို အသိအမှတ်မပြုခြင်ကြလို့များလား ဆိုတာကိုတော့ ကျမခုထိစဉ်းစားနေဆဲပါ။ ဘာပဲဖြစ်ဖြစ် သူတို့အခေါ်အဝေါ်များသည် သာဂိ၊ စာဥ၊ သာဓု၊ ပေါက်စ နှင့် မျောက်မ တို့ထက် အစပေါင်းများစွာ သာသေးသောကြောင့် ကျမကခပ်ပျော်ပျော်ပဲ လက်ခံစမြဲပါ။ တခါတလေ “မေ” ဟုခေါ်သူများကိုတော့ ကျမက ကျေနပ်နှစ်ခြိုက်စွာဖြင့် အပြုံးတပွင့် လက်ဆောင်ပြန်ပေးစမြဲပါရှင်။
16 Jul
ကျမ အမေက သူသွင်ပေးနေကြ အာလူးကို ဒီနေ့မှ ကျမအား အမြင်ကပ် ဆန္ဒပြပြီး ကိုယ်ဟာကိုယ် သွင်ခိုင်းလိုက် သဇြင့်၊ ဗိုက်ကဆာဆာ၊ စိတ်ကတိုတိုဖြင့် အာလူးသွင်ရင်း ထွက်ပေါ် လာသော အတွေးအပိုင်းအစလေးများကို ချရေးလိုက်ခြင်း ဖြစ်ပါသည်။
အေးစက် မာကြောပြီး၊ အရောင်ကင်းမဲ့လှတဲ့၊ ကျမရဲ့ လက်ချောင်းများဟာ…
ဤမျှ အသုံးဝင်လှသော ကျမ၏ လက်များသည်
ဓါးတစ်ချောင်း၊ အာလူးတစ်လုံးနှင့် တွေ့မိသော အခါ…
ဓါးတစ်ချောင်း နှင့် အာလူး
ဓါးတစ်ချောင်းကိုင် ဆရာမနိုင်
ပွက်ပွက်ညံအောင်ဆိုးလှ၏။အာလူးတစ်လုံးသွင် ရပ်ကွက်တွင်
ပြဲပြဲစင်အောင် ကြားရ၏။
အရပ်ကူပါ လူဝိုင်းပါ
အမေလာ လှည်ပါ တဆာဆာ။
အဖြစ်ကြီးက ကြီးသနော်၊
မောင်သာမိရဲ့ ကြီးတော်။
(Ok I don’t know where that come from.)တစ်လုံးနွှာ တစ်နာရီ၊ လုပ်ပါအုံး ကုန်ပြီ
အသားထွင်သလား၊ အခွံနွှာတာလားလက်ကတုန်ရင်၊ ဓါးစုတ်က မလှူပ်ချင်
အခွံနာက မထွက်၊ ပြတ်တာက ငါ့လက်။ဖွတ်မရ၊ ဓါးဆုံး၊ ငါ့အာလူးတစ်လုံး
ပြုတ်လို့ ထုထောင်းပြီး၊
ငပိထောင်း လုပ်ခဲ့၏ ။ ။
French Fries လုပ်ဖို ကြိုးစားနေဆဲ ကျမဘဝလေးပါ။
25 Jun
အိမ်မက်ပေါ်မှ ကျမရဲ့ ကဗျာများ (သို့) အဆုံးအစ မရှိ အူကြောင်ကြောင်နဲ ကဗျာလို့ အမည်တပ်ခံလိုက်ရတဲ့ အပိုင်းအစလေးများပါ။
အရမ်းကွာခြားတဲ့ ခံစားချက် နှစ်မျိုးကို သရုပ်ဖော်ထားခြင်း ဖြစ်ပါသည်။ မည်သူ့ကိုမျှ မရည်ရွယ်ပါ။
စွဲလမ်းခြင်းဆိုတာ…
ဟစ်အော်လို့ လှစ်ဖေါ်ကြတာ ရှိသလို
နင့်နေအောင် ရင်ထဲအပြည့်
တိတ်တဆိတ် မျိုသိပ်ပြီး
ဆိတ်ဆိတ်ကလေး လွမ်းနေကြတာလဲ
အများသားပေါ့။လူဆိုတာ အခက်သား
မပြောဘဲ ဘယ်သိမလဲတဲ့၊
ခံစားမှု တစုံတရာကို
တရားသဘင်မှာ စကားပလ္လင်ခံပြီး
ပြောရမှာလား ရှင်ရယ်…တိတ်တဆိတ် မင်းအပြုံးတွေ
ကြိတ်ကြည့်တတ်သူ တယောက်ကို
မင်းတနေ့ ဖမ်းမိခဲ့ရင်တော့
ရင်ထဲက မပြောဖြစ်တဲ့ စကားတွေကို
မင်းတချက်လောက်တော့ ရိပ်မိမှာပါ
တပွေ့တပိုက် မေတ္တာတွေနဲ့
တိတ်တိတ်ကလေး ပြုံးနေသူကို
မင်းတနေ့တော့ ဂရုစိုက်မိမှာပါ ကွာ…မေဗလပ်(စ်)
mayvelous
20 June 06 – 11:48pm
လျှပ်တပြက်၊ ဝက်ဝက်ချွေဆင်း
ငါ့ ရင်တွင်းရက်ရက် စက်စက်၊ သက်သက် ချိုးသွား
ငါ့ မာနများသတင်းစကား၊ အမှောက်အမှားလား
သောက်စားပြီး၊ ဖောက်ပြားသလား
ငါ ပေါက်ကွဲသွားဒါ ယောင်္ကျား လား
ဒါ ယောင်္ကျား လား
ငါ ငိုနေမယ် မင်းထင်သလား
ဟားသွား
သွား
နွား
ထွီ ။ ။မေဗလပ်(စ်)
Mayvelous
25 June 06 – 1:35pm
22 Jun
ကဗျာ၊ စာပေ၊ လင်္ကာ တွေဟာ ခံစားတတ်သူအဖို့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာ တခုပဲါ။ ကျမကတော့ ခံစားချက် ကင်းမဲ့သူတယောက် ဖြစ်လို့လားမသိ၊ တချို့စာပေတွေကို၊ မနဲနားလည်ယူရပါတယ်။ ဗမာစာနဲ ဝေးနေသူအဖို့ စာတကြောင်းရေးဖို့ရာ အတော့ကို စဉ်းစားယူရပါတယ်။ ရေးပုံရေးနည်း ပြောပုံဆိုပုံ တွေးတောဝေဖန် ဖော်ပြပုံကအစ အလွန်ကွာရှားလှပါတယ်။ ဥပမာ ကိုယ်ကိုကိုယ် နာမ်စား မည်သို့မည်ပုံရေးရမယ် ဆိုတာကို အတော် စဉ်းစားယူလိုက်ရပါတယ်။ ကျမ လို့သုံးရင်ကောင်းမလား၊ မေ လို့ပြောရင် ကောင်းမလား၊ နာမ်စားမပါအောင် လှည့်သုံးရင်ကောင်းမလား၊ မလား၊ မလား နဲ့စဉ်းစားနေ သမျှ စာတကြောင်းဖြောင့်အောင် ရေးလို့ရမည့်ကိန်း မမြင်တော့လို့ ဖြစ်ချင်ရာဖြစ် မောင်ဘချစ် အနေနဲ့ ရေးချင်ရာရေး တွေးချင်ရာတွေး လိုက်မှပဲ ဒီစာလေး နှစ်ကြောင်းသုံးကြောင်း ထွက်လာရခြင်းဖြစ်ပါတယ်။ ရှင်တို့ကတော့ထင်မှပဲ ဒီမိန်းကလေး ဘာတွေလျှောက်ပြော နေမှန်းမသိလို့။ ဟော သွားပြန်ပြီ။ ရှင် ဆိုတာကြီး၊ “You” ကို ဘယ်လိုပြောရမလဲ၊ ရှင်တို့် ဆိုတာ ယောကျာင်္း ကိုသုံးတာ မဟုတ်လား၊ မိန်းမ ဆိုရင် ရှင်မတို့ လို့ပြောရမှာလား၊ မဟုတ်သေးပါဘူးနော်…ထားပါတော့လေ…
ခုတလော တော်တော်များများ မြန်မာ ဘလော့ဂ် တွေထွက်လာတာ တွေ့မိတယ်။ များသောအားဖြင့် Personal Diary သဘောမျိုးလေးတွေဖြစ်ပြီး တချို့က အဖွဲ့ လိုက် ဘလော့ဂ်တွေဖြစ်ပါတယ်။ ရေးပုံရေးနည်း စီစဉ်တင်ဆက်ပုံ နည်းအဖုံဖုံကို ကျမ ဂရုတစိုက် လိုက်ကြည့်မိပါတယ်။ တော်တော်လေး အားကျစရာကောင်းအောင် ရေးနိုင်ကြတာတွေ့လို့ တနေ့တနေ့ ကျမ subscribe ထားတဲ့ feeds လေးတွေကို လိုက်ဖတ်ရတာဟာ ကျမအတွက် နေ့ဓဒူဝ အလုပ်ကလေးကိုဖြစ်နေပါရောလားရှင်။ သူများ စာတွေ၊ ကဗျာတွေ ရေးတော့၊ ကျမလဲရေးခြင်တာပေါ့ရှင်။ ခက်တာက ကျမစာကောင်းကောင်း မရေးတတ်ခြင်းပဲ။ ကျမ မြန်မာစာကို ၇ တန်း အထိပဲ သင်ခဲ့ရပြီး မြန်မာစာပေနဲ့ ဝေးကွာခဲ့ရတာ ၈နှစ် ကျော်ခဲ့ပါပြီ။ ကျမ ကျောင်းတုန်းက မြန်မာစာကို အဖြစ်သဘောပဲ သင်ယူခဲ့ပါတယ်။ ဗဟုသုတအနေနဲ့ကလဲ ၇တန်းအရွယ် ဟိုနဲနဲ ဒီနဲနဲ ဖတ်ခဲ့တာကလွဲလို့ ဥဿုံ နတ္တိ လုံးဝမသိပါ။ စာသံ ပေသံနဲ့ ကဗျာစပ်တတ်ဖို့ ဝေးစွ၊ အနုအရွ အဖွဲ့အနွဲ့လေးတွေနဲ့ ရည်းစားစာလေးတွေတောင် မရေးဖြစ်ခဲ့ရတဲ့ ကျမအဖို့ ဗမာလို ဘလော့ဂ်မယ်၊ ဗမာစာ တွေရေးမယ်ဆိုတာ အပြောလွယ်ပေမယ့် တကယ်တန်းလုပ်ဖြစ်ဖိုက အလွန်ခက်ခဲသော အရာဖြစ်ပါတယ်။
ကျမဟိုအပတ်တုန်းက်ဘလော့ဂ်အသစ်လးတွေကို လျှောက်ကြည့်ရင်းနဲ့ တခုသော ဘလော့ဂ်မှာရေးထားတဲ့ Statement လေးကြောင့် စိတ်အတော် လေသွားခဲ့ရပါတယ်။ (I mean, I’m lost for word or don’t know how to express on the subject matter. How to say that in Burmese?) ဘယ်ဘလော့ဂ်လဲ ဘယ်သူရေးတာလဲဆိုတာတော့ ကျမမေ့သွားတယ်၊ သူရေးထားတာက သူဟာ မြန်မာ ဘလော့ဂ်တွေကို အလွန် နှစ်သက်ပါတယ်တဲ့၊ သူဘလော့ဂ်ဖြစ်အောင် အားပေးကူညီကြတဲ့ Senior Bloggers တွေကိုလဲလေးစားပါတယ်တဲ့၊ တချို့များကျတော့ အတော်လွန်ပြီး ဗမာလိုတောင် ဘလော့ဂ်မလုပ်ကြတော့ပါဘူးတဲ့၊ ကျွန်တော့မှာ သူတို့ ပို့စ်တခုကို ရှိတဲ့အဗိဒန်နှစ်အုပ်တွဲကြီးနဲ တော်တော်အချိန်ယူဖတ်ရပါတယ်တဲ့။ သူအကောင်းပြောတာလား ရွဲ့ပြောတာလားတော့် ကျမ မသိပါ၊ သူရေးထားတာလေးကို ကျမ မေမေ့ကို ပြန်ပြောတော့ သူကလဲ ဒါပေါ့တဲ့ ငါဆိုလဲ ဗမာလိုရေးတဲ့ ဆိုဒ်ပဲသွားဖတ်မယ်၊ နင် အင်္ဂလိပ်လိုရေးတာတွေ ဖီလင်မလာပါဘူး တဲ့ရှင်။ ကျမလဲဘာပြောရမှန်း မသိဖြစ်သွားတယ်ရှင်။ နောက်မှ ပြန်စဉ်းစားကြည့်တော့၊ အင်းဟုတ်မှာပ၊ဲ ဗမာစာကို လေးလေးပင်ပင်မသိတဲ့ ကျမတောင် ဗမာလိုရေးတာလေးတွေကို ခုန်ခုန်မင်မင်လိုက်ဖတ်နေရင်၊ တသက်လုံး ဗမာစာနဲ့ ကြီးပြင်းလာတဲ့သူတို့အဖို့၊ တခြားစာတွေဘယ်လောက်ကောင်းကောင်း ကိုယ့်မိရိုးဖာသာ ဗမာစာကိုပဲ လေးလေးပင်ပင် ခံစားနိုင်ကြမှာပေါ့လေ။ အဲတာကြောင့် တခါက အကိုငြိမ်းချမ်း ရဲ့ ဗမာဘလော့ဂ်လေးတွေဖတ်ရတာ ကိုယ့်ဆွေမျိုးအိမ်မှာ ထမင်းတက်စားးရသလိုပဲ ဆိုတဲ့အပြောလေးကို အခုစဉ်းစားကြည့်မှပဲ သေသေချာချာနားလည်တော့တယ်ရှင်။
ဒါနဲ့ပဲ ဆရာကြီးများ အကူအညီနဲ ကျမ မေဗလပ်(စ်) ဇော်ဂျီဖွန့်လေးကို လက်တဲ့စမ်းကြည့် လိုက်ပါတယ် ရှင်။
Thanks KoDathana (I don’t know his name), Ko Nyein Chan and all other Burmese Bloggers for their help and encouragement on Burmese Blogging. I’m still practicing. This post took me 3days (3hr/day, 1para/day) of my time. I want to write more but so tired and stopped it just like that. You bet, I’ll try again later.
Updated: Thanks so much for corrections, but I think I’ll leave it as it is for my very first post. I’ll come back later and will laugh at it. Thanks bros.
From Ko Nyi Lynn Seck
Hello Sis
May I fix some spelling for you!Dictionary- အဘိဓါန်
Daily Activities – နေ့တဓူဝ
Want to write – ရေးချင်တာပေါ့ရှင
်
ခုံခုံမင်မင်
Traditionally – မိရိုးဖလာဆရာလုပ်တယ်လို့ မထင်ပါနဲ့နော့်။ ဆရာကြီးလည်း မခေါ်ပါနဲ့။
ညီမ ဘလော့ခ်မှာ Slang လေးတွေ တွေ့လိုက်ရတော့ တော်တော် သဘောကျ မိသွားတယ်။
ဖြစ်ချင်တာဖြစ် မောင်ဘချစ်
စိတ်အတော်လေတယ်
အားပေးလျက်ပါ။
From Ko Dathana:
here are some spelling mistakes i saw…
စာတကြောင်း, တနေ့တနေ့ = စာတစ်ကြောင်း , တစ်နေ့တစ်နေ့ (spelling for “one” is တစ် )
ကွာရှားလှပါတယ် = ကွာခြားလှပါတယ်
နေ့ဓဒူဝ = နေ့တဓူဝ
ရေးခြင်တာ=ရေးချင်တာ
ကိုယ့်မိရိုးဖာသာ ဗမာစာ =ကိုယ့်မိရိုးဖလာ ဗမာစာ
and… u should say မြန်မာစာ instead of ဗမာစာ
9 Jun
Oh what do you know lol…
My craziness has been noticed by alike minded crazy people. LOL
What an honor to be acknowledged my post “The Great Determinations of Mayvelous” as “Second best goals post” by Pitts Burgh Homes Daily Blog. The best post being our very own Darren’s Goals, second best is the greatest thing for me ever.
My sincere thanks.
Seems like I should bring out more of my evil, crazy side often and let people enjoy and muse about it. Haha.
Anyway you should check out his post and follow along the links he mentioned there.
A good compilation.
7 Jun
I’ve learnt some new terms and terminologies in last night feed reading.
I got this new term from Korby’s Blog called: VSS Shadow Folder which I’ll be doing further research later.
Shadow Folder: is a read only copy of the tip version of all files in a given VSS project folder. It’s regularly updated.
Read a very resourceful article on Code Smells from Coding Horrors. Tell the truth, I have never heard of the usage “Code Smells” or “Refactoring” or “Coding Nose” before. Very interesting read and some good links to follow to. If you’re a programmer, you should definitely check it out.
Code Smells:
- is a jargon term used among programmers to refer to a symptom that indicates something may be wrong.
- watch for warning signs in your own code
- indicates that code should be refactored or the overall design should be reexamined.
Refactoring: is the process of rewriting a computer program or other material to improve its structure or readability while explicitly preserving.
Most intriguing (sometime annoying) thing about blogosphere feed reading is that, you got links after links from one post to another. You keep going and will never stop. One post references a few links and from those links you got some more links and on and on….You got to know where to stop and say, hey that’s enough, I don’t want to know anymore. Haha.